လာမည့်နှစ်တွင် ဘယ်မောင်းအမျိုးအစားကားများကိုသာ ဦးစားပေး တင်သွင်းခွင်ပြုမည်

0

Full article

![](/redline/content/images/2017/07/vrrvrvr-300x200.jpg)

_ Photo Credit_

လာမည့်နှစ် ကားတင်သွင်းခွင့် မူဝါဒသတ်မှတ်ချက်အရ မော်တော်ယာဉ် များတင်သွင်းရာတွင် ဘယ်မောင်းအမျိူးအစားကားများကိုသာ ဦးစားပေး တင်သွင်းခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှူကော်မတီ ကနေသိရပါတယ်။ အမျိူးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ကနေ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန၏ မူအရ မြန်မာနိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီမှူရှိသည့် ဘယ်မောင်းအမျိူးအစားများကိုသာ တင်သွင်းခွင့် ပြုရန် လုပ်ဆောင်နေလျှက်ရှိရာ လုပ်ငန်းသုံးကားများနှင့် အိမ်စီးကားများအားလုံးကို ဘယ်မောင်းအမျိုးအစားများကိုသာ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။ လာမယ့်နှစ် ကားသွင်းတာကို ဘယ်မောင်းအမျိူးအစားကို တင်သွင်းခွင့်ပေးဖို့ ရှိပါတယ်။ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနရဲ့ မူကလည်း ဘယ်မောင်းကိုဘဲဖို့ ရည်ရွယ်ထားပြီးသားဖြစ်ပါတယ်။ မိုဒယ်တွေ သတ်မှတ်ထားတာလည်း ၂ဝ၁၅ မိုဒယ်ကစပြီး ဘယ်မောင်းကားတွေပဲတင်သွင်းဖို့ သတ်မှတ်ထားပါတယ်။ဟု မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် လုပ်ငန်းများကြီးကြပ်မှူ ကော်မတီ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ပြုရာတွင် ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်အစီအစဉ်ဖြင့် ယာဉ်သစ်အစားထိုး တင်သွင်းခြင်းကို ၂ဝ၁၁ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိ ဘယ်ညာ မခွဲခြားထားဘဲ တင်သွင်းခွင့် ပြုထားပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်ဖြင့် ကားတင်သွင်းခြင်းကို ၂ဝ၁၅ မိုဒယ်မှ ၂ဝ၁၇ မိုဒယ် အထိ ဘယ်မောင်းတစ်မျိူးတည်းကိုသာ တင်သွင်းခွင့်ပေးထားရာ ကုန်တင်ယာဉ်များကို ၂ဝ၁၇ မိုဒယ်အတွင်း( ဘယ်/ညာ မခွဲခြားထားဘဲ )၊နဲ့ ခရီးသည်တင်ယာဉ်များတင်သွင်းရာတွင် Express ကားများကို ၂ဝ၁၂ မိုဒယ်မှ ၂ဝ၁၇ မိုဒယ်အထိ (ဘယ်မောင်း)၊ ခရီးသည်တင် မြို့တွင်းပြေးဆွဲယာဉ်များကို ၂ဝ၁၇ မိုဒယ် (ဘယ်မောင်း)အထက် ကားများကိုသာ တင်သွင်းခွင့် ပြုထားကြောင်းသိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၂ဝ၁၇ ခုနှစ် မတ်လ ၁ ရက်အထိ မော်တော်ယာဉ်အစီးရေ ၉၃၁၃၁၂ စီး မှတ်မုံတင်ပြုလုပ်ထားရှိပြီး ထိုထဲမှ ဘယ်မောင်းကားအစီးရေ တင်သွင်းမှူ ၁၅၈၂၅၄ စီးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ခေတ်သစ်

Author