Full article

ရန်ကုန်မြို့တွင်း၌ ယာဉ်လိုင်းများ များပြားမှုရှိနေပြီး ယာဉ်လိုင်းတစ်လိုင်းနှင့်တစ်လိုင်း ရှုပ်ထွေးလျက်ရှိသောကြောင့် ယာဉ်ကြောရှုပ်ထွေးမှုများနှင့် ကျပ်တည်းမှုများ ဖြစ်ပေါ် လျက်ရှိရာ သီးသန့်ယာဉ်လမ်း ကြောင်းများ ဖော်ထုတ်ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း

brt-500x333

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အဖွဲ့များနှင့် ကျွမ်းကျင် ပညာရှင်များ၏ ပြောကြားချက်များအရ သိရသည်။"ရန်ကုန်မှာပြေးဆွဲတဲ့ ယာဉ်အစီးရေသာ နည်းတာ၊ ယာဉ် လိုင်းတွေက လိုင်းပေါင်းသုံးရာကျော်တောင်ရှိတယ်၊ ယာဉ်အချင်းချင်း ခရီးသည်လုတာ၊ ပြိုင်မောင်းတာတွေရှိတယ်၊ ပြည်လမ်းတစ်လျှောက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အများကြီး ရှုပ်ထွေးနေတယ်၊ ဒီလိုမျိုးတွေ လိုင်းတွေများ နေမယ့်အစား သီးသန့်လိုင်း တစ်လိုင်းကို ဖော်ဆောင်ပြီး ယာဉ်တွေက အဲဒီလိုင်းမှာပဲ ဝင်ရောက်ပြေး ဆွဲတာမျိုး၊ ယာဉ်လမ်းကြောင်း တစ်ခုကို ယာဉ်လိုင်းတစ်ခုတည်း ယာဉ်အစီးရေ များများနဲ့ဆွဲမယ်၊ သုံးမိနစ်ခြား၊ ငါးမိနစ်ခြား တစ်စီး ထွက်မယ်ဆိုရင် ခရီးသည်အနေနဲ့လည်း ကားစီး ရတာ အဆင်ပြေသလို ယာဉ်ကြော ကျပ်တာ /ရှုပ်တာလည်း လျော့သွားမယ်၊ ဒါကြောင့် စနစ် မလုပ်နိုင်ခင် မှာ ဒီလို လမ်းကြောင်းပြောင်းဖို့ တင်ပြတာ၊ ဒါကို ခွင့်ပြုရင်တော့ တော်တော်လေးကို အဆင်ပြေမှာပါ"ဟု 'ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်'မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်ကပြောသည်။ ယာဉ်ကြော ကျပ်တည်းရှုပ်ထွေး မှုနှင့် ပတ်သက်၍ ၂ဝ၁၃ ခု နှစ်တွင် ဖျက်သိမ်းခဲ့သော အများ ပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်သိန်း က "စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်ရ မယ်၊ ဒါ့ပြင်ဘတ်စ်ကားအချင်း ချင်း အပြိုင်အဆိုင် ကျော်တက် မောင်းနှင်တာတွေကို အရေးယူမယ်၊ ဒါမျိုး မဖြစ်သင့်ဘူး၊ ယာဉ်မရပ်ရဆိုတဲ့ နေရာမှာ ယာဉ်လုံးဝကို ရပ်ပိုင် ခွင့် မရှိရဘူး၊ စည်းကမ်း တင်းကြပ်မှုနဲ့ အားလုံး ပါဝင်လိုက်နာမယ်၊ နိုင်ငံတော်အစိုးရကလည်း ကူညီထောက်ပံမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အဆင်ပြေလာမှာပါ"ဟု ၎င်း၏ အမြင်ကို ပြောသည်။ ရနု်ကုန်မြို့တွင်း၌ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်လိုင်း အဖွဲ့ကြီး ၁၈ လိုင်းမှ ယာဉ်အစီး ရေ ၅,၆ဝဝ ကျော်ဖြင့် လိုင်းငယ်ပေါင်း သုံးရာကျော်တွင် နေ့စဉ် ပြေးဆွဲလျက်ရှိပြီး များပြားလှသော ယာဉ်လိုင်းများကြောင့် လက်ရှိ ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှုနှင့် ရှုပ်ထွေးမှုကိုဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်း ကို ဖြေရှင်းနိုင်ပါက အဆင့်မြင့် သယ်ယူပို့ဆောင်ရေးအပြင် နိုင်ငံတကာကဲ့သို့ ကတ်စနစ်ဖြင့် ငွေပေးချေမှုကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့ပြ သယ်ယူပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များက သုံးသပ်သည်။

Ref : Automobile

Author