တစ်နိုင်ငံလုံး ကားအစီးရေ ၏ ၁၄ ရာခိုင်နှူန်းသာ မော်တော်ယာဉ် အလုံးစုံအာမခံလာရောက်လုပ်ထား

0

Full article

![](/redline/content/images/2017/04/insurance-f-f-300x200.jpg)

မြန်မာတစ်နိုင်ငံလုံး ကားအစီးရေ ၈သိန်းခွဲအနက် ၁၄ ရာခိုင်နှူန်းသာ မော်တော်ယာဉ် အလုံးစုံအာမခံလာရောက်လုပ်ထားရှိတယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှသိရပါတယ်။ မော်တော်ယာဉ်များကို အလုံးစုံအာမခံ လာရောက်လုပ်ဆောင်မှူမှာ လက်ရှိမှတ်ပုံတင်လုပ်ဆောင်ထားတဲ့ကားအစီးရေ ၁၄ ရာခိုင်နှုန်းသာရှိနေပါတယ်။ နှစ်စဉ် မော်တော် ယာဉ်တွေများနေတာပဲရှိတာပါ။ အလုံးစုံကားအာမခံလာလုပ်တဲ့အရေအတွက်က အရမ်းနည်းတယ်။ အာမခံထားတဲ့အတွက် ဘယ်လိုအကျိူ းတွေရှိတယ်ဆိုတာလည်း သိပ်နားမလည်ကျသေးဘူး။ လို့ မြန်မာအာမခံလုပ်ငန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်များတွင် မော်တော်ယာဉ် အလုံးစုံနဲ့ပက်သတ်သည့် အာမခံလာရောက်လုပ်ဆောင်မှူများမှာ အစီးရေ ၅ဝဝဝဝ ဝန်းကျင်သာရှိနေပြီး ယခုနောက်ပိုင်းပြည်ပကတင်သွင်းလာသည့်ကားအစီးရေများပြားလာကာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကားအစီးရေ ၈သိန်း ခွဲရှိရာတွင်လည်း ၁ သိန်း ဝန်ကျင်သာ အလုံးစုံကားအာမခံလုပ်ဆောင်မှူရှိခဲ့တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author