အွန်လိုင်းစနစ်စတင်ပြောင်းလဲနေချိန် ဆိပ်ကမ်းက ကားများထုတ်ယူရန်အတွက် လုပ်ငန်းကြန့်ကြာမှူများဖြစ်နေ

0

Full article

အကောက်ခွန်ဦးစီးဌာနက စည်းကြပ်အခွန်သတ်မှတ်တဲ့ အွန်လိုင်းစနစ်စတင်ပြောင်းလဲနေချိန် ဆိပ်ကမ်းက ကားများထုတ်ယူရန်အတွက် လုပ်ငန်းကြန့်ကြာမှူများဖြစ်နေတယ်လို့ ကားတင်သွင်းနေသူများကပြောပါတယ်။

အွန်လိုင်းစနစ်ပြောင်းလဲရန် အကောက်ခွန်ဦးစီးဌာနသည် အေဂျင့်ကိုယ်စားလှယ်များကို သင်တန်းများပို့ချခဲ့ပြီး လက်တွေ့လုပ်ငန်းခွင်အတွင်း လက်တွေ့ကျင့်သုံးရာတွင် စာရွက်စာတမ်းလိုမဟုတ်ဘဲ ကွန်ပျူ တာများနဲ့အလုပ်လုပ်ရတဲ့အတွက် အခက်အခဲများဖြစ်ပေါ်နေတယ်လို့ ကားတင်သွင်းတဲ့ကုမ္ပဏီ တစ်ခုကပြောပါတယ်။


အွန်လိုင်းစနစ်ပြောင်းလဲတာကတော့ လုပ်ငန်းတွေမြန်ဆန်လာတဲ့အတွက်ကြိုဆိုပါတယ်။လတ်တလော စတင်ပြောင်းလဲနေတဲ့အချိန်မို့လို့လားတော့မသိဘူး။ဖိုင်တွေထုတ်ဖို့အရမ်းကြာနေတယ်လို့ ကားတင်သွင်းရောင်းချနေတဲ့ကုမ္ပဏီကြီးတစ်ခုကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကစကာ အကောက်ခွန်အေးဂျင့်များက တစ်ဆင့်ပြီးတစ်ဆင့်းတင်ပြဆောင်ရွက်နေရတဲ့ စာရွက်စာတမ်းများတင်ပြ၍ ကုန်ပစ္စည်းထုတ်ယူတာကို အွန်လိုင်းကနေလျှောက်ထားမှူပုံစံသစ်ဖြင့်ပြောင်းလဲသွားခဲ့တယ်လို့သိရပါတယ်။

ခေတ်သစ်

Author