စည်းကမ်းမဲ့ မောင်းနှင်သော ယာဉ်များ online complaint စင်တာထံ တိုင်ကြားမှု ၁သောင်း ၈ထောင် ကျော်အထိ ရှိခဲ့ပြီးဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံထံကနေ သိရသည်။
ထိုသို့ တိုင်ကြားလာသည့် အမှုများတွင် လမ်းပြောင်းပြန်ကျော်တက်မောင်းနှင်သော အမှုများနှင့် စည်းကမ်းမဲ့ရပ်နားထားသောယာဉ်များ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များပါဝင်ပြီး ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်မှ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ အရေးယူထားရှိခဲ့သည့် အမှုပေါင်း ၁၈,ဝ၁၁ စီး အရေးယူထားခဲ့ကြောင်း သိရသည်။
"စည်းကမ်းမဲ့ မောင်းနှင်တဲ့ ကားတွေကို ဘယ်သူမဆို တိုင်ကြားနိုင်ဖို့ online complaint စင်တာ ဖွင့်လှစ်ပေးထားပါတယ်။ လမ်းမှာ စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကို complaint စင်တာကို အသိပေးတိုင်ကြားကြားဖို့ မေတ္တာ ရပ်ခံပါတယ်။ ယာဉ်ပိုင်ရှင်တွေ သက်တမ်းတိုး လုပ်တဲ့အခါကျရင် စည်းကမ်း ဖောက်ရင် ဒဏ်ကြေးပေးဆောင်ရမှာပါ။ "ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ ယာဉ်စည်းကမ်ဖောက်ဖျက်သော ကားများကို ခရီးသွားပြည်သူများမှ တိုင်ကြားမည်ဆိုပါက ပြစ်မှုထင်ရှားသော၊ ယာဉ်နံပါတ်ထင်ရှားသော မှတ်ပုံတင် ဓါတ်ပုံ၊ နေ့ရက်၊ အချိန်၊ နေရာနှင့်အတူ ဖုန်းနံပါတ် viber 09777436232၊ 09777436233၊ 09777436234 တို့ကို ပေးပို့တိုင်ကြားနိုင်ကြောင်းသိရသည်။