ရန်ကုန်မြို့တွင်း ယာဉ်အချက်ပြ မှားယွင်းနေသည့် မီးပွိုင့်အဟောင်းများကို ပြန်လည်ဖြုတ်သိမ်းသွားတော့မည်

0

Full article

ရန်ကုန်မြို့တွင်း Digital မဟုတ်သည့် ယာဉ်အချက်ပြ မှားယွင်းပြသနေသည့် မီးပွိုင့်အဟောင်းများကို ပြန်လည် ဖြုတ်သိမ်းသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ထံကနေ သိရပါသည်။

"မီးပွိုင့် အဟောင်းတွေကပြန်ဖြုတ်ဖို့ စတင် သွားပါမယ်။ မီးပွိုင့်အသစ်တွေနဲ့ အဟောင်းတွေထပ်နေတာက Control Centre နဲ့ ချိတ်ဆက်ထားတဲ့ မီးပွိုင့် တွေကိုပဲ အသုံးပြုသွားမှာပါ။ ရက်ပိုင်းအတွင်း မီးပွိုင့် အဟောင်းတွေကို ဖြုတ်သိမ်းဖို့ လုပ်ဆောင်မှာပါ။"လို့ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းတွင် ယာဉ်အချက်ပြ မီးပွိုင့် ၁၅၄ ခုရှိပြီး control centre စနစ်အတွက် Digital မီးပွိုင့် အသစ်များ တပ်ဆင်အသုံးပြုလျက်ရှိနေသော်လည်း စိတ်မချရသေးသည့်အတွက် မီးပွိုင့်အဟောင်းများကိုပါ တွဲဖက်အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်အချက်ပြ Digital မီးပွိုင့် စနစ်အသစ်များသည် ယာဉ်ကြောကြပ်တည်း ရှူပ်ထွေးလာမှုပေါ် မူတည်၍ အချိန်ပြသည့် နှုန်းထား ပြောင်းလဲနေပြီး ညအချိန် မီးပွိုင့်အချက်ပြမှုများတွင် တပ်ဆင်ထားသော ကင်မရာများမှ ရောင်ပြန်အလင်းများကြောင့် ယာဉ်မောင်းသူများအား၏ မျက်လုံးများကို အမြင်ရှူပ်ထွေးမှုများ ဖြစ်ပေါ်လျက်ရှိနေ၍ ယာဉ်အန္တာရာယ် ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါသည်။

Author