ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုအစီအစဉ်အရ သက်တမ်း နှစ် ၂ဝ ကားများကိုသာ လူစီးစလစ် ထုတ်ပေးသွားမှာ ဖြစ်ပြီး pickup ကားများကို လူစီးစလစ် ထုတ်ပေးရန် မရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက နေသိရသည်။
လုပ်ငန်းသုံး pickup ကားများ၊ စက်မှုဇုန်ကားများကို လူစီးစလစ်ထုတ်ပေးမည်ဟု ကားဈေးကွက်တွင် သတင်းများထွက်ပေါ်နေလျှက်ရှိရာ စလစ်ဈေးများကျဆင်းလာနေလျှက်ရှိသည်ဟု သိရသည်။
"pickup ကားတွေကို လူစီးစလစ် ထုတ်ပေးဖို့ အစိုးရအဖွဲ့ကလည်း ညွှန်ကြားထားတာမရှိသလို ပေးလို့လည်း မရပါဘူး။ pickup ကားတွေက လုပ်ငန်းသုံးဖြစ်နေတဲ့အတွက် ကားဟောင်း အပ်မယ်ဆိုရင် နှစ်၂ဝ စလစ် ပေးလို့မရပါဘူး။"လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ကားဈေးကွက်တွင် ယာဉ်အိုယာဉ်ဟောင်း သက်တမ်း ၂ဝ လူစီးစလစ် တစ်စောင်ကို သိန်း ၁၃၅ သိန်းရှိနေပြီး လာမည့် ၂ဝ၁၈တွင် ဘယ်မောင်းကားများကိုသာ တင်သွင်းရမှာဖြစ်ရာ ညာမောင်းကားတင်သွင်းရန် စလစ်များ အဝယ်လိုက်လာလျက်ရှိနေသည်။