ရန်ကုန်တိုင်းအတွင်း လမ်းမများရှိ ယာဉ်အိုယာဉ်ဟောင်း ပျက်စီး ယာဉ်များကို ဇန်နဝါရီလတွင် နောက်ဆုံး ဖယ်ရှားရမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူလမ်း နယ်နမိတ်များရှိ ယာဉ်အိုယာဉ်ဟောင်း ပျက်စီးယာဉ်များ ဇန်နဝါရီ ၃၁ နောက်ဆုံးထား ဖယ်ရှားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နိုင်ငံတော်ပိုင်သတင်းစာတွင် အသိပေးကြေငြာထားကြောင်းသိရသည်။

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်များ သွားလာမောင်းနှင်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် ယာဉ်ကြောပိတ်ဆို့ကြပ်တည်းမှုများ လျှော့ချနိုင်ရန်အတွက် ဖြစ်ကြောင်းသိရသည်။

"အများပြည်သူဆိုင်ရာ လမ်းမတွေမှာ ယာဉ်အိုယာဉ်ဟောင်း တွေ ရပ်တန့်ထားလို့ ဖယ်ရှားခိုင်းတဲ့ သဘောပါ။ စည်ပင်ဥပဒေနဲ့ အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။ "ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးက သိရသည်။

အများပြည်သူဆိုင်ရာ လမ်းနယ်နမိတ်များတွင် ရပ်တန့်ထားရှိသော ယာဉ်အိုယာဉ်ဟောင်း၊ ယာဉ်ပျက်များ သတ်မှတ်ရက်အတွင်း လာရောက်ဖယ်ရှားခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်သည်ဟုလည်း သိရသည်။

R-01

Author