Full article

ပြည်တွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများနှင့် တက္ကစီ အဌားယာဉ်များတွင် အသုံးပြုနေသည့် CNG ဆလင်ဒါအိုးများအား Hydro test စက်ဖြင့် စစ်ဆေးရာတွင် ပြန်လည်အသုံးပြုရန် မသင့်တော်တော့သည့် CNG ဆလင်ဒါအိုး အလုံးရေ ခုနှစ်ရာခန့်တွေ့ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲ မှသတင်းရရှိသည်။

CNG-Steel-Gas-Cylinder-for-Car-28L-57L-62L-66L-77L-82L-100L-

လက်ရှိပြည်တွင်းတွင် CNG ထည့်သွင်းအသုံးပြုနေသည့် CNG ဆလင်ဒါအိုး Type 1 အမျိုးအစား အိုးအလုံးရေ တစ်သိန်းခန့်ရှိပြီး ယင်းမှ Hydrotest စက်ဖြင့် စစ်ဆေးမှုမှာ တစ်သိန်းခုနှစ်သောင်းကျော် ပြီးစီးပြီဖြစ်ကာ အသုံးပြုရန် မသင့်တော်သည့် အိုးများကို အသုံးပြု၍မရနိုင်အောင် ပြုလုပ်၍ ပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။

Ref: Automobile

Author

Comments