Full article

ကားဟောင်းများ အပ်နှံကာ ကားသစ်တင်သွင်းသူများကို ၂ဝဝ၆ မော်ဒယ်ကားများအထိ တင်သွင်းခွင့်ထပ်မံပြုကြောင်း သတင်းရရှိပါသည်။ Saloon, Van, Wagon, Pick Up, Light Truck, Heavy Truck နှင့် Bus ကားအမျိုးအစား အားလုံးအား ၁၉၉၆ မော်ဒယ်မှ ၂ဝဝ၆ မော် ဒယ်အထိကားများ တင်သွင်းခွင့်ပြု ခြင်းဖြစ်ပြီး ယခင်ကကဲ့သို့ မော်ဒယ်၊ အမျိုးအစားခွဲခြားမှု မရှိတော့ဘဲ CIF ဈေးနှုန်းဖြင့်သာ ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

၂ဝဝ၆ မော်ဒယ်အထိ တင်သွင်းခွင့်ရ၍ အပ်နှံရမည့်ကားဟောင်းများ မှာ ယခင်က ကျပ်သိန်း ၁၁ဝ ဝန်း ကျင်သာရှိရာမှ ယခုအခါကျပ်သိန်း ၁၅ဝ ဝန်းကျင်အထိ ဈေးမြင့်တက်သွားကြောင်းလည်း သိရသည်။ ကားဟောင်းဈေး၊ ပါမစ်ဈေးမြင့်တက် သွားသည့်အတွက် တင်သွင်းပြီးကားများ၏ တန်ဖိုးမှာလည်း ကျပ်သိန်း ၂ဝ မှ ၅ဝ ကြား တန်ဖိုးမြင့်တက် သွားသည်။ သို့သော် မကြာမီ သင်္ဘော သားများ၊ နိုင်ငံခြားသံရုံး ဝန်ထမ်းများ၊ ပြည်ပ၌ အလုပ်လုပ်ကိုင်ကာ နိုင်ငံခြားငွေဖြင့် အခွန်ပေးဆောင်ထားသူများအတွက် တင်သွင်းခွင့် ပါမစ်များ ချထားပေးတော့မည်ဖြစ်ရာ ကားဟောင်းဈေးများ ပြန်လည်ကျဆင်း သွားနိုင်ကြောင်း သုံးသပ်ကြသည်။

First-Eleven Media တွင် ဆက်လက်ဖတ်ရှူရန်

Author