အရည်ကြိုအပ်ကားများကြိုတင်ဝယ်ယူမှူပိုမိုများပြားလာ၍ ဈေးနှုန်းထပ်မံမြင့်တက်လာ

0

Full article

ဇွန် ၁ ရက်မှစ၍ ပြည်ပမှတင်သွင်းလာသော ယာဉ်များကို ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ထိုသို့ဝင်ငွေခွန်ကောက်ခံရာတွင် ယာဉ်အိုယာဉ်ဟောင်းအစားထိုးစနစ်ဖြင့်တင်သွင်းသည့် အရည်ကြို စလစ်ကပ်ကားများမပါဝင်သည့်အတွက်ယင်းကားများကိုဝယ်ယူမှူပိုမို များပြာလာကာ ဈေးနှုန်းများမြင့်တက်နေလျှက်ရှိသည်။ စလစ်ကပ်ကားများမှာ ဈေးကွက်အတွင်းပိုမိုရှာပါးလာပြီး ဈေးနှူန်းမှာလည်း ၉၃ သိန်းဝန်းကျင်သို့မြင့်တက်လာခဲ့သည်။

အရည်ကြို စလစ်ကပ်ကားတွေက အခုရက်ပိုင်းဈေးက ၉၂၊၉၃ လောက်တောင်ဖြစ်လာတယ်။အခွန်ဆောင်ရမယ့်ရက်ကနီးလာတာလည်းပါသလို စလစ်ကားတွေဝယ်ယူမှူကလည်း တော်တော်လေးများလာတယ်။ဈေးကဒီထက်ထပ်တက်ဖို့တောင်ရှိပါတယ် ဟု ကားဝယ်ရောင်းလုပ်ကိုင်သူများကဆိုသည်။မေလ တတိယအပတ်က စလစ်ကပ် အရည်ကြို ကားတစ်စီးကို ၈၈ သိန်းဝန်းကျင်ရှိပီး တစ်ပတ်အတွင်း ၉၂ သိန်းထိဈေးမြင့်တက်လာသည်။

သက်တမ်းနှစ်နှစ်ဆယ်ကားများနှင့်ကားတစ်စီးအပ်ပီးတစ်စီးတင်သွင်း၍ရသည့်ကားများဈေးနှူန်းမှာလည်းမြင့်တက်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။

Author