Full article

ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသော စက်မှုဇုန်ထုတ် ကားများကို အပ်နှံခွင့်ပေးဖွယ်ရှိသည် ဆိုသည့် သတင်းများကြောင့် ကားဟောင်းစလစ်ဈေးများ ရပ်တန့်သွားခဲ့ ကြောင်း ကား ဝယ်/ရောင်းများထံမှ သိရှိရသည်။Zone-Car

ကားဟောင်း စလစ်ဈေးများသည် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တရိပ်ရိပ် မြင့်တက်ခဲ့ရာ ပြီးခဲ့သည့်တစ်ပတ်အတွင်း ကျပ်(၁ဝ၅)သိန်းအထိ မြင့်တက်သွားခဲ့သည်။ သို့သော် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုး၏ စက်မှုဇုန် ထုတ်ကားများကို အပ်နှံခွင့်ပေး၊ မပေးဆိုသည့် မေးခွန်း ကြောင့် ဇုန်ထုတ်ကားများမှာ ဈေးနှုန်းမြင့်တက်သွားခဲ့ပြီး ကားဟောင်းစလစ် ဈေးများမှာမူ အနည်းငယ်ကျဆင်းသွားခဲ့သည်။ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေ သော ကားဟောင်းစလစ် ဈေးကွက်နှင့် ပတ်သက်၍ ကား ဝယ်^ရောင်းတစ်ဦးက "ကား ဟောင်းစလစ်ဈေးက တရိပ်ရိပ် မြင့်တက်လာခဲ့ရာကနေ စက်မှုဇုန် ထုတ်ကား တွေကို အပ်နှံခွင့်ပေး ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် စလစ်အရောင်းအဝယ်တွေ ရပ်တန့်သွားခဲ့ပါတယ်၊ ဒီရက်ပိုင်းအတွင်းမှာ ကားဟောင်းတွေက အရောင်းပဲရှိ ပြီး အဝယ်မရှိသလောက် ဖြစ်နေပါတယ်၊ အများစုကတော့ 'လ၊ သ၊ အ' ကားဟောင်းတွေထက် စက်မှုဇုန် ထုတ်ကားတွေကို ရှာဖွေဝယ်ယူ နေကြပါတယ်၊ အချိန်ကာလအ တော်ကြာ လမ်းပေါ်မှာ ပျောက်ဆုံးနေတဲ့ စက်မှုဇုန်ထုတ် ဂျစ်ကားတွေလည်း ပြန်ပြီး ပေါ်လာပါ တယ်"ဟု ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ဈေးကွက် အခြေအနေအရ 'လ၊ သ၊ အ' အက္ခရာ ကားဟောင်းများသည် ၉၈ သိန်း ဝန်းကျင်၊ ထိုကားများ၏ အမည်ပေါက် စလစ်တစ်စောင်သည် ကျပ် ၁ဝ၃ သိန်းဝန်းကျင် ပေါက်ဈေး ရှိပြီး အပ်နှံခွင့်ပေးဖွယ်ရှိသော စက်မှုဇုန်ထုတ် ဂျစ်ကားများသည် ကျပ် သိန်း လေးဆယ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

Author