ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကြောင့် အရည်ကြို စလစ်ကပ်ကားများ ၈၆သိန်းအထိ ဈေးမြင့်တက်လာ

0

Full article

 

ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိသည့် free ပါမစ်ကားများအား ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်သည့်အတွက် အရည်ကြိုစလစ်ကပ်ကားများ ၈၆သိန်းအထိ ဈေးမြင့်တက်လာကြောင်း မော်တော်ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

လာမည့်ဇွန်လ တစ်ရက်မှစ၍ ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင် free ပါမစ်ဖြင့်တင်သွင်းလာသည့်ကားများကို ကြိုတင်ဝင်ငွေခွန် ၁၅ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ ထိုသို့ ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိသည့် ကားများအား ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရာတွင် အရည်ကြိုစလစ်ကပ်ကားများ မပါဝင်သည့်အတွက် ဈေးနှုန်း မြင့်တက်လာကြောင်းသိရသည်။

" ဇွန်လတစ်ရက်ကစပြီး ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ကားတွေကို ၁၅ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်တဲ့အတွက် ဝင်ငွေခွန်ပေးစရာမလိုတဲ့ အရည်ကြို စလစ်ကပ်ကားတွေရဲ့ ဈေးနှုန်းကတော့ ၈၆ သိန်းထိတောင်မှ ဈေးမြင့်တက်လာပါတယ်။ အရင်က အရည်ကြို စလစ်ကပ်ကားတစ်စီးကို ၈၂ ၊ ၈၃သိန်းဝန်းကျင်သာရှိပါတယ်။ ဒီလို အခွန်ကောက်လိုက်တဲ့အတွက် စလစ်ကားဈေးမြင့်တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာ စလစ်ကပ်ကားကလည်း မရှိသလောက်နည်းပါးနေပြီး စလစ်တစ်စောင်ကို လိုက်ဝယ်ဖို့ မလွယ်ကူတော့ပါဘူး။ နောက်ပိုင်းဆို စလစ်ဈေးနှုန်းက ဒီထက်ပိုပြီး ဈေးမြင့်လာဖို့ပဲရှိပါတယ်" ဟု စလစ်ဝယ်ရောင်း လုပ်ကိုင်နေသူများကပြောသည်။

အရည်ကြိုစလစ်ကပ်ကားများသည် ဈေးကွက်တွင် အရောင်းအဝယ် ပိုမိုဖြစ်လာပြီး ဈေးနှုန်းမှာလည်း ပိုမိုမြင့်တက်လာခြင်းကြောင့် အပ်ကားအရောင်းအဝယ် ဈေးကွက်မှာ ပိုမိုကောင်းမွန်လာနေသည်။

ယာဉ်အို ယာဉ်ဟောင်း အပ်နှံပြီးသည့် စာရင်းများမှာ ၂ဝ၁၆ခုနှစ်တွင် ၁၈ဝ၉ စီး အပ်နှံမှုရှိခဲ့ကြောင်းသိရသည်။

ခေတ်သစ်

Author