Full article

ယခုအခါ ဈေးကွက်ထဲတွင် ထ နံပါတ်များကုန်သလောက်ရှိနေပြီး ယမန်နေ့ နောက်ဆုံး ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကားဟောင်းအစီးရေ ၃၁၁၁၈ စီး အပ်နှံထားပြီး ကားပါမစ် ၂၃၄၉၈ ထုတ်ပေးထားကြောင်း First-11 ဂျာနယ် မှ တစ်ဆင့်သိရှိရပါသည်။ လိုင်စင်ရယူပြီးသည့်အစီးရေ မှာ ၉၉၆၆ စီးရှိကြောင်း၊ ယခုနောက်ပိုင်းတွင် ကားဟောင်းများအပ်နှံမှု နည်းပါးလာကြောင်းလည်း သိရသည်။

ကားဟောင်း အပ်တာကတော့ ကြေညာထားတဲ့ အက္ခရာအလိုက်ဆက်ပြီး လက်ခံသွားပါမယ်။ နောက်ပိုင်းကားဟောင်းတွေမှာ အငှားယာဉ်တွေ များများပါလာတဲ့အတွက် သိပ်မအပ်ဘူး"ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကလဲ ပြောကြားခဲ့ပါသည်။

ကိုးကား First-11 Journal, Eleven Media Group

Author