Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း အပ်ကားများ ရှားပါးလာခြင်းကြောင့် အပ်နှံမှု လျော့ကျလာခဲ့ပြီး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် နေ့စဉ်ပျမ်းမျှ ကားအစီးရေ လေးဆယ် ဝန်းကျင်သာ လာရောက် အပ်နှံလျက်ရှိကြောင်း မြင်သာ ကညနရုံး မှ သိရသည်။![D-Car](/redline/content/images/2014/01/D-Car.jpg)

အပ်နှံဆဲဖြစ်သည့် 'အ'အက္ခရာ ကားများမှာ ရန်ကုန်တိုင်းဒေသကြီး၌ အစီးရေ ၄,၇၅ဝ ရှိရာ ဇန်နဝါရီ ၆ ရက် အထိ ၃,၄ဝ၈ စီး အပ်နှံခဲ့ပြီး ဖြစ်သောကြောင့် အစီးရေ ၁,၃ဝဝ ကျော်သာ ကျန်ရှိတော့သည်။ ထို့အတူ အပ်နှံရန် ကျန်ရှိသည့် 'လ၊ သ' အက္ခရာကားများသည်လည်း အပ်နှံမှု ပြီးပြတ်ရန် အနည်းငယ်သာ လိုတော့သည့် အတွက် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် အက္ခရာအစုံမှ ကားအစီးရေ ပျမ်းမျှ လေးဆယ် ဝန်းကျင်သာ အပ်နှံမှုရှိနေပြီး အပ်နှံမှုလျော့ကျလာ ခဲ့ကြောင်းသိရသည်။ ယဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု စာရင်းများအရ ဇန်နဝါရီ ၇ ရက်အထိ လူစီးယာဉ် စုစုပေါင်း ခြောက်သောင်းကျော်၊ ဘတ်စ်ကား အစီးရေ စုစုပေါင်း ကိုးရာကျော်နှင့် ထရပ်ကား အစီးရေ စုစုပေါင်း ၂,၅ဝဝ ကျော် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ အက္ခရာစဉ်အလိုက် အပ်နှံမှုများအရ 'အ'အက္ခရာ ၃,၄ဝ၉ စီး၊ 'သ' အက္ခရာ ၄,၆၈၂ စီးနှင့် 'လ'အက္ခရာ ၃,၉၁၈ စီး အပ်နှံခဲ့ပြီး ဖြစ်ကြောင်း 'ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန' မှ သိရသည်။

ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံမှု လျော့ကျလာသော်လည်း အပ်နှံမှုပေါ်လစီ ပြောင်းလဲခြင်း မရှိသေး ခြင်းကြောင့် အပ်ကားများ၏ စလစ်ဈေးများမှာ ဈေးတန့်နေခဲ့ကာ လ၊ သ၊ အ အမည်ပေါက် ကားဟောင်း စလစ်တစ်စောင်လျှင် ကျပ် ၉၅ သိန်းဝန်းကျင်၊ တက္ကစီစလစ် တစ်စောင်လျှင် ကျပ် ၆၇ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ကား ဝယ်/ရောင်းများထံမှ သိရသည်။

Ref: Automobile

Author