Full article

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအသစ်နှင့် ပတ်သက်ပြီး စီးပွားရေနှင့် ကူးသန်းရောင်းဝယ် ရေးဦးစီးဌာနမှ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံ စာထုတ်မေးမြန်း ထားကြောင်း သိရသည်။ 

Old-Car

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ နည်းတူ သက်တမ်းအလိုက် အပ်နှံခွင့်ပြုမည်ဆိုသော်လည်း ထိုမူဝါဒမှာ လက်တွေ့အကောင်အထည် မဖော်နိုင်သေးသောကြောင့် မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်ဌာနတစ်ခုဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံ စာထုတ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံခြင်း ပေါ်လစီနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက "ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဆီ စာထုတ်ပြီး မေးမြန်းထားပါတယ်၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနအနေနဲ့ ကားဟောင်းအပ်နှံမှုနဲ့ ပတ်သက်ပြီး အစီအစဉ်တွေကို ချပြပေးစေလိုပါတယ်၊ ဘယ်ကား ကို ဘယ်အချိန်မှာ အပ်နှံခွင့်ပေးမယ်၊ တစ်နှစ်အတွင်းမှာ အက္ခရာ ဘယ်နှခု ခေါ်ယူမယ်ဆိုတာကို အများပြည်သူ သိရှိအောင် ချပြပေးမယ်ဆိုရင် ကားဟောင်းစလစ်ဈေးက အတက်အကျ ရှိတော့မှာ မဟုတ်ပါဘူး၊ ကားဟောင်းစလစ် ဈေးတွေ အဆမတန် မြင့်တက်နေတဲ့အတွက် စလစ်ကပ်ကားတွေထက် Free Permit ကားတွေကို တင်သွင်း လာကြလို့ ကား အစီးရေတွေ များပြားလာတာ ဖြစ်ပါတယ်၊ တစ်စီးအပ်ပြီး တစ်စီးသွင်းမယ် ဆိုရင် ကားကောင်းတွေလည်း များ လာမယ်၊ အစီးရေလည်း အဝင်/အထွက် မျှတသွားမှာ ဖြစ်ပါတယ်၊ အက္ခရာတွေ၊ နှစ်ကန့်သတ်ချက်တွေ၊ စက်မှုဇုန်ကားတွေ ဆိုပြီး မခွဲခြားဘဲ ယာဉ်ပိုင်ရှင်ဆန္ဒအရ အပ်နှံခွင့်ပေးသင့်ပါတယ်"ဟု ၎င်း၏ အမြင်ကို သုံးသပ် ပြောကြားခဲ့သည်။

Ref: Automobile

Author