Full article

သက်တမ်းလွန် မော်တော်ယာဉ်များကို ကာလတန်ဖိုး သတ်မှတ်ပြီး အမည်ပြောင်းခွန် ၃ ရာခိုင်နှုန်းသာ လျှော့ပေါ့ ကောက်ခံနေ ကြောင်း 'ပြည်တွင်းအခွန်ဦးစီးဌာန'မှ သိရသည်။![Old-CAr](/redline/content/images/2014/04/Old-CAr.jpg)

ပြည်တွင်းအခွန် ဦးစီးဌာန အနေဖြင့် မော်တော်ယာဉ်များအတွက် အမည်ပြောင်း အခွန်ကောက်ခံရာတွင် 'စ' အက္ခရာမှ နောက်ဆုံး အအပ်ခံသော အက္ခရာ အထိနှင့် လေလံယာဉ်များ အပါအဝင် အငှားယာဉ်များဖြစ်သည့် Saloon ၊ Pickup ၊ Wagon ၊ Truck ၊ Bus ၊ Jeep ကားများကို သတ်မှတ်တန်ဖိုး ကျပ်သိန်း ခြောက်ဆယ် သတ်မှတ်ခဲ့ပြီး CNG ယာဉ်များကို သတ်မှတ်တန်ဖိုး သိန်းခုနစ်ဆယ် သတ်မှတ်ခဲ့သည်။

ပြည်တွင်းအခွန်ဦးစီးဌာန အနေဖြင့် ယခင်က ဓာတ်ဆီ၊ ဒီဇယ်ကားများအတွက် အခွန် သုံးသိန်းကျပ်နှင့် CNG ကားများအတွက် အခွန် ၃၇၅,ဝဝဝ ကျပ် ကောက်ခံခဲ့သည်။ သို့သော် ဧပြီ ၁ ရက်မှ စ၍ အခွန်များ ပြောင်းလဲကောက် ခံခဲ့ပြီး သံရည်ကျိုကားများဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ကားများကို သတ်မှတ်တန်ဖိုး၏ ၃ ရာခိုင် နှုန်းအဖြစ် ၁၈ဝ,ဝဝဝ ကျပ်နှင့် CNG ကားများအတွက် သတ်မှတ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းအဖြစ် ကျပ် ၂၂ဝ,ဝဝဝ ကောက်ခံခဲ့သည်။ ထိုသို့ ၃ ရာခိုင်နှုန်းဖြင့် အခွန်ကောက်ခံခြင်းသည် ပိုင်ရှင် တစ်ဦးအနေဖြင့် တစ်ကြိမ်သာခံစားခွင့် ရရှိမည်ဖြစ်ပြီး နောက်တစ် ကြိမ်ကားတစ်စီးအတွက် အမည်ပြောင်းပါက ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။ သို့သော် ကားအစီးရေ ကန့်သတ်ထားခြင်း မရှိဘဲ တစ်ကြိမ်တည်းတွင် အမည်ပြောင်း အခွန်ပေးဆောင်ပါက ၃ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထိုသို့ ကားအစီးရေ အရေအတွက် အများအပြားအမည်ပြောင်း အခွန်ပေးဆောင်ရာတွင် ကျပ်သိန်း ငါးရာ အထိကို ၃ ရာခိုင် နှုန်း၊ ကျပ်သိန်း ၅ဝ၁ မှ ကျပ်သိန်း ၁,၅ဝဝ အထိကို ၁ဝ ရာခိုင်နှုန်း သိန်း ၁,၅ဝ၁ ကျပ်မှ ကျပ် သိန်း ၃,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃,ဝဝ၁ နှင့်အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် အခွန်ပေးဆောင်ခွင့် ပြုမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။ ပြည်တွင်းအခွန် ဦးစီးဌာနအနေဖြင့် သံရည်ကျိုအပ်ကားများ အတွက် အမည်ပြောင်းအခွန် လျှော့ချ ပေးလိုက်သော ကြောင့် စလစ်ထုတ်ရန်အတွက် ကုန်ကျစရိတ်မှာ များစွာ သက်သာသွားခဲ့ကြောင်း ကားဟောင်းစလစ် ဝယ်/ရောင်းများထံမှ သိရသည်။

Ref: Automobile

Author