Full article

ကားဟောင်းများ အပ်နှံခွင့်ကို ယခင်ကကြေငြာချက်ထုတ်ပြန်ထားသည့်အတိုင်း ပ အက္ခရာအထိသာ လက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။ ကားဟောင်းလာရောက်အပ်နှံမှုများလည်း တဖြည်းဖြည်း လျော့နည်းလာပြီး တစ်ရက်ပျမ်းမျှ အစီးရေ ၁ဝဝ လောက်သာရှိတော့သည်။ ကားသစ်များ တင်သွင်းခွင့်ပေးထားမှုနှင့်အညီ လမ်းများနှင့် ကားပါကင်များကိုလည်း ယခုထက် ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ပေးရန်လိုအပ်နေကြောင်း သုံးသပ်ကြသည်။ စာရင်းများအရ တင်သွင်းလာသည့် ကားအစီးရေမှာ ၂ဝဝဝဝ ခန့်သာရှိသေးသော်လည်း ရန်ကုန်မြို့တွင် လမ်းများ ကြပ်နေပြီး အမှန်တယ် တင်သွင်းခွင့်ရှိမည့် အစီးရေ ၇ဝဝဝဝ ဝန်းကျင်ခန့်သာ ဝင်ရောက်လာပါက ပိုမိုဆိုးရွားသွားနိုင်ပါသည်။

ထို့အတွက်ကြောင့် ကားတင်သွင်းမှုများကို လွယ်ကူမြန်ဆန်ပြီး များများစားစား သွင်းခွင့်ပေးရန်ကိုတော့ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

(ကိုးကား Eleven Journal)

Author