အတောမသတ်ထိုးဆင်းသွားပြီး သုံညအောက်ထိရောက်ရှိတော့မယ့် ကမ္ဘာ့လောင်စာဆီဈေးကွက်

0

Full article

ဧပြီလ ၂၁ ရက်နေ့  (မြန်မာစံတော်ချိန် မနက် ၆:၄၀) သတင်းများအရ ပြီးခဲ့တဲ့ တနင်္လနေ့မှစတင်ကာ ကမ္ဘာ့ရေနံဈေးနှုန်းမှာ တဟုန်ထိုးကျဆင်းလျက်ရှိပြီး တစ်စည်လျင် သုံညဒေါ်လာအောက်သို့ပင် ကျဆင်းသွားဖွယ်ရှိသည်ဟုသိရသည်။

ထို့သို့ကျဆင်းမှုမှာ ယနေ့မျိုးဆက်အတွက် ပထမဆုံးအကြိမ် ဆိုးဆိုးရွားရွားကျဆင်းမှုဖြစ်ပြီး အဓိကပြဿနာမှာ သိုလှောင်စရာနေရာမရှိခြင်းပင်ဖြစ်သည်။ ထိုသို့ သိုလှောင်စရာနေရာမရှိရခြင်းမှာ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရတ်ဖြစ်ပွားမှုများပြားလှသည့်အတွက် လူထု၏ လောင်စာဆီသုံးစွဲမှု အလွန်အမင်းကျဆင်းသွားခြင်းကြောင့်ဖြစ်လေသည်။

Merchant Commodity Fund ၏ ပူးတွဲတည်ထောင်သူ hedge fund ရင်းနှီးမြှုပ်နှံသူ Doug King က

“ဒီနေ့ဟာ ကမ္ဘာ့လောင်စာဆီဈေးကွက်အတွက် ဖွတ်ဖွတ်ညက်ညက်ကြေတဲ့နေ့ပါပဲ။ အမေရိကရဲ့သိုလှောင်နိုင်စွမ်းဟာ လုံးဝကို ပြည့်နေပါပြီ ဒါမှမဟုတ် အာမခံပြီးဖြစ်နေပါပြီ။ တချို့ ကံမကောင်းတဲ့ ဈေးကွက်အတွင်းပါဝင်သူတွေကတော့ သဘောတူညီထားခဲ့ကြတဲ့တိုင်း ဆက်လက်လုပ်ဆောင်နေရပါသေးတယ်။” လို့ဆိုလိုက်ပါတယ်။

ယနေ့ (အင်္ဂါနေ့) မှာတော့ ဈေးနှုန်းဟာအနည်းငယ်ပြန်လည်လှုပ်ရှားသွားသလိုဖြစ်ခဲ့ပေမဲ့ စင်ကာပူစံတော်ချိန် မနက် ၈:၃၁ (မြန်မာစံတော်ချိန် မနက် ၇:၀၁) အထိ ရေနံစိမ်းတစ်စည်၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၀.၅၀ သာရှိနေပေသည်။

Ref: Oil Spirals Below Zero in ‘Devastating Day’ for Global Industry by Javier Blas Will Kennedy

Author