Full article

ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် (၂ဝ၁၄) ခုနှစ်အတွက် ဆိပ်ကမ်းရောက် ကားတန်ဖိုးများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။  ထွက်ရှိ လာသော C.I.F ဈေးနှုန်းများအရ ထူးခြား စွာ ပြောင်းလဲသွားခြင်းမရှိဘဲ အနီးစပ်ဆုံး ဈေးနှုန်းများဖြစ်ကြောင်း ကား Showroom ပိုင်ရှင်တစ်ဦးကပြောပြခဲ့သည်။

corollahero1-500x341

C.I.F ဈေးနှုန်းများ ထုတ်ပြန်လိုက် သည်တွင် ကားဈေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းသွားသည်ဟုဆိုခြင်းမှာ မဟုတ်ဘဲ တစ်နှစ်စာ C.I.F များ လျော့ကျသွားခြင်း သာဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောပြခဲ့ သည်။ ထုတ်ပြန်လိုက်သည့် C.I.F ဈေးနှုန်း များတွင် အချို့သောကားဈေးနှုန်းများသာ အပြောင်းအလဲရှိခဲ့ပြီး (၁.၃) အင်ဂျင်ပါဝါ ကားများမှာ ထူးမခြားနားပင်ဖြစ်ကြောင်း သိရသည်။ သို့အတွက် (၁.၃) ကားများ၏ ဈေးကွက်မှာ များစွာအပြောင်းအလဲမရှိ နိုင်ဘဲ အင်ဂျင်ပါဝါကြီးသော ကားများ နှင့် (၁.၃) အင်ဂျင်ပါဝါကားများအကြားတွင် (၁.၅) နှင့် (၁.၈) များ၏ ကားဈေးကွက်တန်း တစ်ခုဖြစ်လာနိုင်ကြောင်း ကားလုပ်ငန်းရှင် တစ်ဦးကလည်း သုံးသပ်ပြသည်။

(၁.၅) နှင့် (၁.၈) ကားများ၏ C.I.F ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားသဖြင့် ထိုကဲ့သို့ ကားအမျိုးအစားများ ဈေးကွက်ထဲသို့ ဝင်ရောက်လာနိုင်ပြီး ဈေးကွက်သစ်တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ (၁.၃) တွေက ဒီအတိုင်းပဲ။ ပြောရ ရင် (၁.၅) နဲ့ (၁.၈) လိုကားတွေက အရင် က C.I.F ဒေါ်လာ (၁ဝဝဝဝ)ကနေ (၈၅ဝဝ) ထိချပေးတော့ အဲ့ဒီကားတွေရဲ့ ဈေးကွက် တစ်ခုဖြစ်လာနိုင်တယ်။(၁.၅) နဲ့ (၁.၈) ထဲက (၂ဝဝ၉) မော်ဒယ်လ်က သိန်း (၂၅ဝ) နဲ့ (၃ဝဝ) ကြားရှိတဲ့ကား ဘယ်ကားကို စီးမလဲပေါ့။ (၁.၃) တွေရဲ့ ဈေးကွက်က ပျက်မသွားနိုင်ဘူး။ (၁.၅) နဲ့ (၁.၈) လိုဟာတွေ ဈေးချလိုက်တော့ စီးရိုးစီးစဉ်မဟုတ်တဲ့ တစ်စီးစ နှစ်စီးစကားတွေရဲ့ ဈေးကွက်အသစ်ဖြစ် လာနိုင်ခြေရှိတယ်လို့ ရှင်းပြသည်။

ရွှေငါးကဲ့သို့ကားမှာ စလစ်ကပ်ရပြီး သိန်း (၁၅ဝ) နှင့် (၂ဝဝ) ကြား ရှိကာ စလစ်မကပ်ရသော မော်ဒယ်လ် (၂ဝဝ၉) ဖြစ်သည့် (၁.၅) နှင့် (၁.၈) များနှင့်ယှဉ်ပါက ရွှေငါးဈေးကွက်မှာ အနည်းငယ်ထိခိုက်နိုင် ကြောင်းသူ့အမြင်အား ပြောပြသည်။ သို့သော်လည်း (၁.၃) ကားများ၏ အခွန်အား (၅ဝ) ရာခိုင်နှုန်းထိ လျှော့ချထားပြီး အဆိုပါ (၁.၅) နှင့် (၁.၈) ကားများ၏ အခွန်အား (၁ဝ) ရာခိုင်နှုန်းချထားသဖြင့် (၁.၃) ကားဈေးတန်းမှာ မပျက်သွားနိုင် ကြောင်းသိရသည်။ အမျိုးအစား (၁ဝ) မျိုး နှင့် (၁၅) မျိုးကြားရှိ (၁.၅) နှင့် (၁.၈) အင်ဂျင်ပါဝါကားများ (၂ဝ၁၄) ခုနှစ် တွင် ဈေးတန်းသစ်ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

Ref: Auto World

Author