Full article

ပြည်တွင်းသို့ ခရီးသည် တင်ယာဉ်များ တင်သွင်းရာ၌ မိုဒယ်အမျိုးအစား ကန့်သတ်လိုက်သဖြင့် ယာဉ်လိုင်းပိုင်ရှင်များမှ ၂ဝဝ၄ မိုဒယ် အမျိုးအစားများ ကြိုတင်မှာယူမှု ပြုလုပ်နေကြောင်း ယာဉ်လိုင်း ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

2014-Toyota-Corolla-S-frontယခုနှစ်အတွင်း ခရီးသည် တင်ယာဉ်များအား ၂ဝဝ၉ မိုဒယ် နှင့်အထက်ကိုသာ တင်သွင်းခွင့် ပြုမည်ဟု တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက် အသက်ဝင်မှု နည်းပါးစဉ် ကာလအတွင်း ယာဉ်လိုင်းပိုင်ရှင်များ စုပေါင်းကာ လက်ရှိ ခရီးသည်တင် ယာဉ်အဖြစ် တင်သွင်း အသုံးပြုလျက်ရှိသည့် ၂ဝဝ၄ မိုဒယ် အမျိုးအစား ယာဉ်များကို ကြိုတင်မှာ ယူထားခြင်း ဖြစ်ကြောင်း သိရသည်။ "အသစ် သတ်မှတ်လိုက်တဲ့ မိုဒယ်ကန့် သတ်ချက်နဲ့ တင်သွင်းရမယ်ဆိုရင် ယာဉ်အစီးရေ တိုးချဲ့ဖို့က မဖြစ်နိုင်ပါဘူး၊ မိုဒယ်မြင့်တာနဲ့အမျှ ဈေးကလည်းကြီးမှာ ဖြစ်ပါတယ်"ဟု မထသ ၃၁ ယာဉ်လိုင်း ပိုင်ရှင် ဦးကိုကိုနိုင်က ပြောသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေ ဖြင့်လည်း ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ မိုဒယ်မြင့် ခရီးသည်တင်ယာဉ်များဖြင့် အစားထိုး ပြေးဆွဲစေရန် အတွက် တင်သွင်းယာဉ်မိုဒယ် သတ်မှတ်ရ ခြင်းဖြစ်ပြီး မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသူ လျော့နည်း သွားနိုင်သောကြောင့် လုပ်ငန်းရှင်များကို ခေါ်ယူဆွေးနွေးမှု ပြုလုပ်မည်ဟု သိရသည်။ "ယာဉ်ပိုင်ရှင်တွေ အနေနဲ့ကတော့ ၂ဝဝ၉ မိုဒယ် အထက်ဆိုရင် ယာဉ်သစ်သွင်းနိုင်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ခရီးသည် သယ်ယူပို့ဆောင်ရေးမှာ ရင်းနှီးမယ့်သူ လျော့ပြီး ကားအစီးရေ နည်းလာမယ်၊ သွားလာတဲ့အခါမှာလည်း အခုလိုပဲ ခရီးသည်တွေ အဆင်မပြေမှုတွေ ကြုံလာနိုင်တယ်၊ ဒါကြောင့် နိုင်ငံဖွံ့ဖြိုးဖို့ အတွက် သတ်မှတ်ချက်တွေ ထုတ်ပြန်သလို လုပ်ငန်းရှင်တွေကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်လာအောင် လမ်းတွေတော့ ဖွင့်ထား ပေးသင့်ပါတယ်"ဟု 'မထသ (မြို့တွင်း)'မှ ဌာနခွဲမှူး ဦးဝင်းဇော်က ပြောသည်။

Ref: Automobile

Author