Full article

'၁က' အက္ခရာကားများကို ကြိုတင်ဝယ်ယူမှု များကြောင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း ကား ဝယ်/ရောင်းများမှတစ်ဆင့် သိရှိရသည်။

1-Ka

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ပြီးခဲ့သည့် နှစ်အောက်တိုဘာ ၂၅ ရက်တွင် ၂ဝ၁၄ ခုနှစ်မှစ၍ ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ် ပြန်ခဲ့သော်လည်း သုံးလကျော် ကာလအထိ အကောင်အထည် မဖော်နိုင်သေး သောကြောင့် မူလအတိုင်း အက္ခရာအစဉ်အလိုက် အပ်နှံခွင့် ပေးဖွယ်ရှိသည်ဟု ကားလောက အတွင်း၌ သတင်းများ ထွက်ပေါ်နေသည်။ သို့ဖြစ်၍ ယာဉ်အို၊ ယာဉ်ဟောင်း ဝယ်။ရောင်းများသည် 'အ'အက္ခရာအပြီး နောက် ဆက်တွဲ အက္ခရာဖြစ်သည့် '၁က' ကားများကို ကြိုတင်ဝယ်ယူထားနေခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော '၁က' အက္ခရာကား များနှင့် ပတ်သက်၍ ကားဝယ်/ရောင်းတစ်ဦးက " 'အ'အက္ခရာ ပြီးရင် '၁က' အက္ခရာကားတွေကို အပ်နှံခွင့် ပေးလိမ့်မယ်ဆိုတဲ့ အထင်နဲ့ အပ်ကားဝယ်/ရောင်းကြီးတွေက '၁က'ကားတွေကို ကြိုတင်ပြီးတော့ ဝယ်ယူနေကြပါတယ်၊ ဒါကြောင့် လည်း '၁က' ကားတွေဈေးက ငါးသိန်းလောက် မြင့်တက်သွားပါတယ်၊ သက်တမ်း နှစ် (၂ဝ) ကားပဲခေါ်ခေါ် အက္ခရာ အစဉ်လိုက် အတိုင်းပဲခေါ်ခေါ် ဒီအချိန်မှာ '၁က'ကား တွေကို ဝယ်ထားမယ်ဆိုရင် အရှုံးမရှိပါဘူး"ဟု ဆိုခဲ့သည်။ '၁က'ကားများကို ကြိုတင် ဝယ်ယူသူများကြောင့် ဈေးကွက် အတွင်းတွင် ထိုအက္ခရာကားများမှာ ဝယ်လိုအားများ ပြီး ရောင်းကား နည်းပါးနေကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ဈေးကွက်အရ '၁က' အက္ခရာ ကားများသည် ၇၅ သိန်းဝန်းကျင်နှင့် ၂က၊ ၃က အက္ခရာ ကားများသည် ၆၅ သိန်း ဝန်းကျင် ပေါက်ဈေး ရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

Ref: Automobile

Author