Full article

ကီလိုလျှော့ရောင်းသူများနှင့်အားပေးကူညီသူများအား လိမ်လည်မှုဖြင့် ရာဇဝတ်ကြောင်းအရ အရေးယူရန် စီးပွား/စီမံဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်သူနှင့် တင်သွင်းရောင်းချသူများ လုပ်ငန်းရှင်များအသင်းမှစုံစမ်းသိရှိရသည်။

odometer

ကီလိုလျှော့ရောင်းသည့်ကိစ္စအားတားဆီးရန် မြန်မာနိုင်ငံသို့ တင်ပို့မည့်ကား၏ အရည်အသွေးကို ဂျပန်ဆိပ်ကမ်းတွင် သတ်မှတ်စံနှုန်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊မြန်မာ့ဆိပ်ကမ်းသို့ရောက်ရှိနေစဉ် အကောက်ခွန်ဦးစီးဌာနမှ ကနဦးကီလိုသတ်မှတ်ပေးခြင်းပြုလုပ်ပေးခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း က.ည.န မှတ်ပုံတင် ပြုလုပ်ရာတွင်လည်း ကနဦးကီလိုမီတာသတ်မှတ်ပေးရမည်ဖြစ်သည်။

ထိုမှသာလျှင် ကားဝယ်ယူသူအနေဖြင့် လိုအပ်သည့် အရောင်းအဝယ်စာရွက်စာတမ်းအား ကြည့်ရှုပြီးမှ တန်ဖိုးနှင့်ညီမျှသည့် ကားအားဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

HIGH SPEED မှကူးယူဖော်ပြသည်။

Photo Credits to Nicholas_T

Author

Comments