COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူသုံးယာဉ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပေးထုတ်ပြန်

0

Full article

လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူသုံးယာဉ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။

COVID-19 ရောဂါကာကွယ်ရေးအတွက် အများပြည်သူ အသုံးပြုသည့်ယာဉ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များတွင် ယာဉ်ဝန်ထမ်းများလိုက်နာရမည့်အချက်များ၊ Taxi ယာဉ်မောင်းများလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်လိုင်းပိုင်ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များဟူ၍ သတ်မှတ်ထားပြီး ယာဉ်ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ လေဝင်လေထွက်ကောင်းစေရန် ကားပြတင်းပေါက်များကို တတ်နိုင်သမျှဖွင့်၍ မောင်းနှင်သင့်ကြောင်း၊ ခရီးသည်များအား ဘယ်အစွန်၊ ညာအစွန် တစ်လှည့်စီ (zig-zag) ထားပြီး တတ်နိုင်သမျှ ခပ်ခွာခွာထိုင်စေရန်အတွက် ယာဉ်ပေါ်ရှိထိုင်ခုံများတွင် အမှတ်အသားများထားရှိပြီး စနစ်တကျ ထိုင်ရန် ကြီးကြပ်ပေးရမည်၊ ခရီးသည်များးအား ယာဉ်ပေါ်သို့မတက်မီနှင့် ယာဉ်ပေါ်မှ ဆင်းလျှင် လက်ဆေးရန်၊ ခရီးစဉ်တစ်လျှောက် Mask တပ်ဆင်ထားရန် ကြီးကြပ်ရမည်။ ခရီးစဉ်တစ်လျှောက် ကျန်းမာရေးအသိပေး အချက်အလက်များကို ရုပ်သံ/ အသံဖိုင် တို့ဖြင့် ပြောကြားခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။


Taxi ယာဉ်မောင်းများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များမှာ လေဝင်လေထွက်ကောင်းရန် ကားပြတင်းပေါက်များကို တတ်နိုင်သမျှ ဖွင့်၍ မောင်းနှင်ရန်၊ Taxi ယာဉ်၏ ရှေ့ထိုင်ခုံနှင့် နောက်ထိုင်ခုံတို့ကြားတွင် မှန်ဖြင့်သော်လည်းကောင်း၊ ပလတ်စတစ်ဖြင့်သော်လည်းကောင်း လုံခြုံစွာကာရံထားရန်၊ ခရီးသည်ကို အနောက်ထိုင်ခုံတွင်သာ ထားရန်၊ ခရီးသွားပြည်သူနှင့် ထိတွေ့မှုနှင့်ငွေလက်ခံကိုင်တွယ်မှု လျော့နည်းစေရန် Online booking ၊ Online payment တို့ကို တတ်နိုင်သမျှ အသုံးပြုရန် ညွှန်ကြားထားပါသည်။


ယာဉ်လိုင်းပိုင်ရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များအနေဖြင့် ယာဉ်ဝန်ထမ်းများအား Mask နှင့် အနည်းဆုံး Alochol 60 % ပါဝင်သော လက်သန့်ဆေးရည် အလုံအလောက်ထောက်ပံ့ပေးရန်၊ ပို့ဆောင်နိုင်သော ခရီးသည်အရေအတွက်၏ ထက်ဝက်ကိုသာ တင်ဆောင်ရန် စီစဉ်ဆောင်ရွက်ရမည်၊ ဘယ်/ညာ အစွန်များတွင် တစ်လှည့်စီ (zig-zag) ထိုင်စေရန် ယာဉ်ပေါ်ရှိထိုင်ခုံများတွင်အမှတ်အသားပြုလုပ်ပေးရမည်၊ Mask တပ်ဆင်မထားသော ခရီးသည်များကို လုံးဝတင်ဆောင်ခြင်းမပြုရန် ညွှန်ကြားထားရမည်။ ခရီးသည်များ လက်ဆေးနိုင်ရန် ဝင်ပေါက်/ထွက်ပေါက်များတွင် အနည်းဆုံး Alochol 60% ပါဝင်သော လက်သန့်စင်ဆေးရည် အလုံအလောက်ထားရှိပေးရမည်၊ ယာဉ်မောင်းနှင်သောနေရာနှင့် ခရီးသည်များကြားတွင် မှန်ဖြင့်သော်လည်းကောင်း၊ ပလတ်စတစ်ဖြင့်သော်လည်းကောင်း အကာအရံကို လုံခြုံစွာပြုလုပ်ထားရမည်။ ခရီးစဉ်တစ်လျှောက် ကျန်းမာရေးအသိပညာပေး အချက်အလက်များကို ရုပ််သံဖြင့်ပြသခြင်း (သို့) အသံဖိုင်ဖြင့်ပြောကြားခြင်းများဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသိပေးညွှန်ကြားထားကြောင်းသိရသည်။

Author