အမြန်လမ်းမကြီးပေါ် ယာဉ်နံပတ်ပြားတပ်ဆင်ထားခြင်းမရှိသည့် ကားများနှင့် စတိနံပါတ်၊ယာယီနံပါတ်တပ်ဆင်ထားသောကားများ မောင်းနှင်ခွင့်မပြုတော့

0

Full article

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်သို့ ယာဉ်နံပတ်ပြားတပ်ဆင်ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်၊ယာယီနံပါတ်တပ်ဆင်ထားသောကားများ မောင်းနှင်ခြင်းကို ဇန်နဝါရီ ၁၇ ရက်မှစ၍ ခွင့်ပြုသွားမည်မဟုတ်တော့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့နေပြည်တော်က သိရပါတယ်။အမြန်လမ်းမကြီးတွင် ကုန်းလမ်းပို့ဆောင်ရေးညွှနြ်ကားမှူဦးစီးဌာနက တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွနံပါတ်ပြား တပ်ဆင်ထားသည့်ယာဉ်များသာ မောင်းနှင်ခွင့်ပြုမည်ဖြစ်သည်။

မော်တော်ယာဉ်များတွင် ဖောင်းကြွနံပါတ်ပြားတပ်ဆင်ထားမှူမရှိခြင်း၊ယာဉ်နံပါတ်များအား သိသာထင်ရှားစွာတပ်ဆင်ထားခြင်းမရှိခြင်း၊ယာဉ်များတွင် သတ်မှတ်ထားသော မီးများတပ်ဆင်ထားခြင်းမရှိခြင်းနှင့်မီးမလင်းခြင်း၊သတ်မှတ်ရောင်ပြန်အရွယ်အစား တပ်ဆင်ထားခြင်းမရှိခြင်း၊သတ်မှတ်ထားရှိသည့်တန်ချိန်နှင့်သတ်မှတ်ကုန်စည်မဟုတ်ခြင်း၊အမြန်လမ်းပေါ်တွင် တက်ရောက်မောင်းနှင်ရန်အတွက် ယာဉ်ကြံခိုင်မှူမရှိတဲ့ ယာဉ်များကိုယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေဖြင့် ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကညန ကတရားဝင်ထုတ်ပေးထားတဲ့ ဖောင်းကြွနံပတ်ပြားမဟုတ်ရင် မောင်းနှင်ခွင့်မပြုတော့ပါဘူး။ကားနံပါတ်ပြား မထင်ရှားတာတို့ ပျက်စီးနေတဲ့ ကားတွေကိုလည်း ထိရောက်စွာအရေးယူသွားမှာပါဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။

မော်တော်ယာဉ်များအား ယာယီနံပတ်ပြားများတပ်ဆင်ထားသောယာဉ်များနှင့်နံပါတ်ပြားများတပ်ဆင်ထားသောယာဉ်များကို မန္တလေးလမ်းဟောင်းကတစ်ဆင့်သွားလာရမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author