မြောက်ဥက္ကလာအဝို်င်းမှတ်တိုင်အနီး ယာဉ် ၇ စီးဆင့်တိုက်မှုဖြစ်ပွား

0

Full article

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းမှတ်တိုင်အနီး၌ စက်တင်ဘာလ ၃ ရက်နေ့ နေ့လည် ၁ နာရီခွဲချိန်တွင် YBS အမှတ် ၆၄ အပြာရောင်ယာဉ်သည် အရှိန်လွန်၍ အငှားယာဉ်အားတိုက်မိရာက ယာဉ် ၇ စီးဆင့်တိုက်မူ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသည့် YBS အမှတ် ၆၄ ယာဉ်သည် အဝိုင်းမှတ်တိုင် အနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင် သွားလာနေသည့် Fielder အငှားယာဉ်အား ဝင်ရောက်မိခဲ့သည်မှ စတင်၍ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ခရီးသည်တင် YBS အမှတ် ၆၄ ယာဉ်သည် လမ်းလယ်ကပ်တုံးများကို ဖြတ်တိုက်ကာ တဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး Vitz အငှားယာဉ်တစ်စီး၊ Ractis အငှားယာဉ်တစ်စီး၊ YBS အမှတ် ၃၆ အနီရောင်ယာဉ်တစ်စီး၊ YBS အမှတ် ၁၈ ယာဉ်တစ်စီးနှင့် YBS အမှတ် ၃၆ အဝါရောင်ယာဉ်တစ်စီးတို့ကိုလည်း ထပ်မံ တိုက်မိခဲ့ရာ ထိုမြောက်ဥက္ကလာအဝိုင်းနေရာတွင် ယာဉ်ငါးစီးကို ထပ်ဆင့်တိုက်မိခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ် ၇ စီးဆင့်တိုက်မူကြောင့် YBS အမှတ် ၁၈ အနီရောင်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အသက် ၅၄ နှစ်အရွယ် ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး YBS အမှတ် ၆၄ ယာဉ်မောင်း ဦးကျော်ကျော်အား မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၃၅/၂ဝ၁၇၊ ရာဇသက်ကြီးဥပဒေပုဒ်မ ၃၇၇/၂၇၉ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရပါသည်။

ခေတ်သစ်

Author