မြောက်အမေရိက အပြည်ပြည်ဆိုင်ရာ ကားပြပွဲ (North American International Auto Show)

0

Full article

Best Concept Car

By naias.com

ပထမဦးဆုံးအကြိမ် မြောက်အမေရိက အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို (North American International Auto Show) အမေရိကန်နိုင်ငံ ဒက်ထရိုက် (Detroit) မြို့၊ Beller's Beer ဥယျာဉ်၌ ၁၉ ဝ၇ မှစတင် ကျင်းပခဲ့သည်။ ၁၉ ၄၁ ကနေ ၁၉ ၅၃မှလွဲ၍ ယင်းပြပွဲကို ၁၉ ဝ၇ ကတည်းမှ စတင်ကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပြပွဲ၏ ပထမဆယ်စုနှစ်များသည် ဒေသတွင်းကားဈေးကွက်ကိုသာ အဓိကထားသော်လည်း ၁၉ ၅၇ တွင် နိုင်ငံတကာမှ ကားထုတ်လုပ်သူများက ၎င်းတို့ထုတ်လုပ်သော ကားများကို ပထမဦးဆုံးအကြိမ် ပြသခဲ့သည်။ ၁၉ ၈၇ ၌ ဒက်ထရိုက် ကားရောင်းဝယ်သူများ အစည်းအရုံး (DADA) မှ အမေ ျှာ်အမြင်ရှိ သော ကားဝယ်ရောင်းသူများက ဥရောပနှင့် ဂျပန်နိုင်ငံတို့ရှိ ကားထုတ်လုပ်သူများအား ၎င်းတို့၏ ကားသစ်များကို ပြပွဲတွင် လာရောက်ပြသရန် စွဲဆောင်စည်းရုံးခဲ့သည်။

Best Production Car

Photo By Josh Kennedy

၁၉၈၉ တွင် မြောက်အမေရိက ကားပြပွဲနာမည်ကနေ မြောက်အမေရိက အပြည်ပြည်ဆိုင်ရာကားပြပွဲဟု နာမည်ပြောင်းလဲခဲ့သည်။ ကားပြပွဲများကို မီချီဂန်ပြည်နယ်၊ ဒက်ထရိုက်မြို့ရှိ နေရာသုံးနေရာတွင် ပြောင်းလဲကျင်းပပြုလုပ်လာခဲ့ရာမှ ၁၉ ၆၅ မှစတင်ကာ စတုရန်းပေ ၁ သန်းကျော် ကျယ်ဝန်းသည့် ကိုဘိုစင်တာတွင် ကျင်းပခဲ့သည်။ ကိုဘိုစင်တာ တည်ရှိရာ ဒက်ထရိုက်မြို့လည်ခေါင်သည် အမေရိကန်၏ ကားလုပ်ငန်းကြီး သုံခုဖြစ်သော Chrysler၊ Ford နှင့် General Motors တို့၏ ရုံးချုပ်များ တည်ရှိရာ နေရာဖြစ်သည်။

Most Creative Photo

Photo by naias.com

ပြပွဲကို တစ်ကမ္ဘာလုံးရှိ ကားလုပ်ငန်းစုဆိုင်ရာ အမှုဆောင်များ၊ နည်းပညာအမှုဆောင်များ၊ ဒီဇိုင်နာများ၊ အင်ဂျင်နီယာများတက်ရောက်ကြပြီး ၁၅ ရက်ကြာကျင်းပသော ပြပွဲကြီးဖြစ်သည်။ ပြပွဲရက်များအတွက် gallery ပြပွဲ၊ AutoMobili-D၊ အကြိုသတင်းစာရှင်းလင်းပွဲ (Press Preview)၊ အကြိုလုပ်ငန်းစုပြပွဲ (Industry Preview)၊ အကြိုလှူဒါန်းပွဲ (Charity Preview) နှင့် ကိုးရက်တာ ပြုလုပ်သော လူထုပြပွဲ (Public Show) အစရှိသည့် ပြပွဲငယ် ၆ ပွဲကို ကျင်းပပြလုပ်ခဲ့သည်။ Gallary ပြပွဲတွင် ကားချစ်သူများက ကန်ဒေါ်လာ ၁ဝ သန်းနီးပါးရှိသော Auston၊ Martin၊ Bentley၊ Ferrari၊ Lamborghini၊ Porscheနှင့် Rolls Royce အစရှိသော ကားအမျိုးအစားများကို ကြည့်ရှုထိတွေ့နိုင်မည် ဖြစ်သည်။ Automobili-D အစီအစဉ်မှာတော့ ကားထုတ်လုပ်သူများ၊ ကားအစိတ်အပိုင်းထုတ်လုပ်သူများ၊ စွန့်ဦးတီတွင် နည်းပညာလုပ်ငန်းများအပြင် တက္ကသိုလ်များနှင့် အစိုးရအဖွဲ့အစည်းများပါဝင်ကြပြီး အမှတ် တံဆိပ်ပေါင်း ၁၈ဝ ကျော် ပါဝင်ပြသကြသည်။

Photo by Bill Pugliano/Getty Images

အကြိုသတင်းစာရှင်းလင်းပွဲတွင် တစ်ကမ္ဘာလုံးရှိ ကားအသစ် ၄၆ စီးအပါဝင်အဝင် ကားပေါင်း ၇၁ ကား ခင်းကျင်းပြသထားပြီး နိုင်ငံပေါင်း ၆၁ နိုင်ငံမှ သတင်းထောက် ပေါင်း ၅၁ဝဝ က သတင်းရယူကြ ခြင်းဖြစ်သည်။ အကြိုလုပ်ငန်းစုပြပွဲတွင် နိုင်ငံတကာမှ ကုမ္မဏီပေါင်း ၂၂ဝဝ ၏ ကားလုပ်ငန်းစု ဆိုင်ရာ အမှုဆောင်များ၊ အင်ဂျင်နီယာများ၊ ဒီဇိုင်နာများ၊ developer များနှင့် စီစစ်သုံးသပ် သူများက လာရောက် ကြပြီး စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချိတ်ဆက်များနှင့် အမြင်သဘောထားများကို ဖလှယ်ကြသည်။ အကြိုလှူဒါန်းပွဲသည် ကမ္ဘာပေါ်တွင် တစ်ရက်တည်းဖြင့် လှူဒါန်းငွေအမြင့်ဆုံး ရရှိစေသောပွဲဖြစ်သည်။ ယင်းပွဲမှ လှူဒါန်းငွေများကို မီချီဂန်ပြည်နယ် အရှေ့တောင်ဘက်ရှိ ကလေးသူငယ်များဆိုင်ရာ အဖွဲ့အစည်း များထံသို့ တိုက်ရိုက်ပေးပို့လှူဒါန်းခြင်းဖြစ်သည်။ ၁၉ ၇၆ ကတည်းက အကြိုလှူဒါန်းပွဲများမှ လှူဒါန်းငွေပေါင်း ကန်ဒေါ်လာ ၁၁၂ သန်းရရှိပြီး ကုန်လွန်ခဲ့သည့် ၁ဝနှစ်ကျော်ကာလတစ်ခုတည်းတွင်ပင် ကန်ဒေါ်လာ ၄၁ သန်း ကျော်ရရှိခဲ့သည်။ လူထုပြပွဲသည် ကျန်သော ပြပွဲများထက် ရက်အများဆုံးကျင်းပသော ပြပွဲဖြစ်ပြီး ဖျော်ဖြေရေး၊ ကားဓာတ်ပုံပြပွဲ အပါဝင်တွင် နေ့စဉ်ပြုလုပ်သည့် အစီအစဉ်များစွာပါဝင်သည်။

မြောက်အမေ ရိက အပြည်ပြည်ဆိုင်ရာ ကားပြပွဲကနေ အကောင်းဆုံး ထုတ်လုပ်ရေးကားဒီဇိုင်း (Production Cars)၊ အကောင်းဆုံး အနာဂတ်ကားဒီဇိုင်း (Concepts Car)၊ အကောင်းဆုံးအတွင်းခန်းဒီဇိုင်း (Interior Design) အပါအဝင် ဒီဇိုင်းဆု စုစုပေါင်း ၈ဆုကိုလည်း နှစ်စဉ်ပေးအပ်ချီးမြှင့်သည်။

Author