Consignment ကားများ ဇွန် ၁ရက်မှ နယ်လိုက်စင်ခွင့်ပြုပေးထားသော်လည်း ယနေ့အထိ ယာဉ်မှတ်ပုံတင် လာရောက်လုပ် ဆောင်သည့်ကားတစ်စီးမှမရှိ

0

Full article

![](/redline/content/images/2017/06/nal-license-300x192.jpg)

Photo Credit

Consignment စနစ်နဲ့ တင်သွင်းထားသောကားများ ဇွန် ၁ရက်မှ နယ်လိုက်စင်ခွင့်ပြုပေးထားသော်လည်းယနေ့အထိ ယာဉ်မှတ်ပုံတင် လာရောက်လုပ်ဆောင်သည့်ကားတစ် စီးမှမရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ဒီနေ့ လာရောက်လုပ်တာ တစ်စီးမှ မရှိသေးပါဘူး။ အောက်တိုဘာနောက်ဆုံး သတ်မှတ်ထားတယ်။ အဲဒီအချိန်အတွင်းမှာ လာမလုပ်ရင် သတ်မှတ်ထားသလို လုပ်ဆောင်သွားမှာပါ။ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။ ကားအရောင်းစင်တာတွေကနေ Consignment နဲ့တင်သွင်းထားသော ကားများကို ကြိုက်နှစ်သက်ရာ နယ်လိုင်စင်နဲ့ မိုဒယ်အလိုက် ယာဉ်မှတ်ပုံတင် လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။ ၁၉၉၅ မိုဒယ်မှ ၂ဝဝ၅ မိုဒယ်အထိ လက်ကျန်ယာဉ်များကို မှတ်ပုံတင်တာ နှင့်ပက်သတ်၍ ၂ဝ၁၇ ခုနှစ် ဇွန်လ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ သက်တမ်းတိုး မှတ်ပုံတင်ခွင့်ပြု သွားမည်ဖြစ်ကြောင်း သတ်မှတ်ထားရှိပါတယ်။ ထိုကဲ့သို့ အောက်တိုဘာလ လကုန်အထိ မှတ်ပုံတင် မဆောင်ရွက်သော မော်တော်ယာဉ်များကို ECC သို့ လရောက်အပ်နှံရမည်ဖြစ်ပြီး လာရောက်အပ်နှံခြင်း မရှိသော ကားအရောင်းစင်တာများကို ကားတင်သွင်းရောင်းချခွင့် လတ်မှတ်ပယ်ဖျက်ခြင်း ၊ စီးပွားရေးအကျိူးဆောင်မှတ် ပုံတင် ပယ်ဖျက်ခြင်း ၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ပယ်ဖျက်ခြင်း များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ခေတ်သစ်

Author