Full article

စက်တင်ဘာ ၁ ရက်မှစ၍ ပါမစ်မလျှောက်ဘဲ ဆိပ်ကမ်းတွှု် ရက် ခြောက်ဆယ် ကျော်လွန်ထားရှိသောကားများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

New_Used_Auto_Export_Import_USA_Japanယခင်က ဆိပ်ကမ်းတွင် ရက်ပေါင်း ခြောက်ဆယ်ကျော်ထားရှိပါက လေလံစာရင်းဝင်သွားပြီး အသနားခံစာတင်ကာ ပြန်ထုတ်ယူ၍ရသော်လည်း ယခုအခါ အပြီးအပြတ်သိမ်းဆည်း သွားမည်ဖြစ်သည်။ စက်တင်ဘာ ၁ ရက်မှစ၍ ပြောင်းလဲမည့် ပြစ်ဒဏ်များအရ လိုင်စင်၊ ပါမစ်ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းများ ရောက်ရှိခြင်း၊ ကုန်ပစ္စည်းများရောက်ရှိပြီးမှ လိုင်စင်၊ ပါမစ်ပြင်ဆင်ချက်ရရှိခြင်းတို့အတွက် တစ်ရက်မှ ခုနှစ်ရက်အထိကို ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ရှစ်ရက်မှ ရက်သုံးဆယ်အထိကို ယခင် 1/180 AV မှ 1/90 AV၊ ၃၁ရက်မှ ၄၅ရက်အထိကို ယခင် 1/90 မှ 1/48၊ ၄၆ရက်မှ ၆ဝရက်အထိကို ယခင် 1/48 မှ 1/24 နှင့် ၆၁ရက်နှင့်အထက်ကျော်လွန်သော ကားများကို သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

အရင်က ဆိပ်ကမ်းမှာ ရက်ခြောက်ဆယ်ကျော်ရင် လေလံစာရင်း ဝင်သွားပါတယ်၊ လေလံစာရင်း ဝင်သွားခဲ့ရင် အသနားခံစာတင်ပြပြီး ပြန်ထုတ်လို့ရပါတယ်၊ Case By Case နဲ့ သွားလို့ရတဲ့ အခြေအနေကနေ စက်တင်ဘာ ၁ရက်ကစပြီး လေလံဝင်တယ်ဆိုတာ မရှိတော့ဘဲ အပြီးအဏီး သိမ်းဆည်းသွားမယ်လို့ သိရပါတယ်၊ ဒါကြောင့် ကုန်ပစ္စည်းမရောက်သေးခင်မှာ လိုင်စင်၊ ပါမစ်လျှောက်ထားဖို့ လိုအပ်သွားပါလိမ့်မယ် ဟု Custom Clearance မှ အေးဂျင့်တစ်ဦးဖြစ်သူ ကိုနေဆေးက ဆိုခဲ့သည်။

Reference: Automobile Journal, June 27 2014 မှ ကူးယူဖော်ပြပါသည်။

Author