Full article

8269811002_31b74f3057

မြို့တော်စည်ပင် ဆောက်လုပ်ရေး (လမ်းတံတား) ဌာနမှ နောက်ဆုံးကြားသိရသော သတင်းများအရ ယခုလာမည့် ဧပြီလမှစတင်ကာ အခွန်ငွေပေးဆောင်၍ ယာဉ်ရပ်နားရန်နေရာ အသုံးပြုခွင့်ရရှိထားသူများအား ဆက်လက် အသုံးပြုခွင့်မပေးတော့ဘဲ ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ကုမ္ပဏီနှင့်ဆိုင်ခန်းအချို့တွင် ၄င်းတို့၏ ဈေးဝယ်များ အဆင်ပြေစေရန်အတွက် ယာဉ်ရပ်နားရန်အခွန်ဆောင်၍ ကားရပ်ရန်နားရန်နေရာများရယူထားရာမှ ဦးရာသူစနစ်သို့ ပြောင်းလဲ လိုက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ရန်ကုန်မြို့တွင်း ကားရပ်နားမှုများအတွက် ယာဉ်ရပ်နားစရိတ်ကောက်ခံမှုများကိုလည်း ရပ်စိုင်းသွားမည်ဟု ကြားသိရသည်။

`ကိုယ်ပိုင် ကားပါကင်တွေကို အရင်က ပေးထားတယ်။ ကိုယ်ပိုင်ကားပါကင်ပေးထားတာတွေကို ဖျက်သိမ်း လိုက်ပြီ။ အခွန်ဆောင်ထားတဲ့နေရာတွေလည်း ဒီဘဏ္ဍာနှစ် အကုန် ၄ လပိုင်း ကစပြီး မပေးတော့ဘူး။ Free Parkingလုပ်မယ်၊ကိုယ် အိမ်ရှေ့ဆိုပြီး ကိုယ့်ကားပဲ ရပ်မယ်ဆိုပြီး မရတော့ဘူး၊အကုန်လုံး ရပ်လို့ ရသွားမယ်၊´ဟု မြို့တော်စည်ပင်ဆောက်လုပ်ရေး (လမ်းတံတား)အရာရှိတစ်ဦးကပြောသည်။

ယခင်က အခွန်ဆောင်ကား ပါကင်များအပါအဝင် အိမ်၊ ခြံ ရှေ့များတွင်အခြားသူများယာဉ်ရပ်နားမှုအား တားဆီးကန့်သတ် ဆိုင်းဘုတ်များ၊ကွန်ကရစ်တုံးများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးများနှင့် ပူးပေါင်းဖယ်ရှား သွားမည်ဖြစ်ကြောင်းနှင့် ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ဆောက်လုပ်ရေး (လမ်းတံတား) ဌာနမှသိရှိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံသို့ညွှန်ကြားထားပြီးဖြစ်ကြောင်းကိုလည်း လမ်းတံတားဋ္ဌာနမှ သိရသည်။

ပိုင်ရှင်များအနေဖြင့် မိမိနေအိမ်တိုက်တာ ဈေးဆိုင်အရှေ့တွင် အခြား ယာဉ်များ အချိန်ကြာမြင့်စွှာရပ်ဆိုင်းထားပါက ၄င်းတို့အနေဖြင့် အခက်တွေ့နိုင်ကြောင်း MyanmarCarsDB မှ သိရပါသည်။

ရန်ကုန်မြို့တွင်း ကားစီးသူအရေအတွက်များလာသည်နှင့်အမျှ ယာဉ်ရပ်နားရန် အခြေခံအဆောက်အဦးများမရှိသည့်အတွက် ယာဉ်ရပ်နားမှု အဆင်ပြေစေရန် ဆောင်ရွက်မှုများရှိလာခဲ့သည်။ ယမန်နှစ်မှစ၍ အိမ်သစ် တိုက်သစ်များသည်၊ အထပ် ၄ ထပ်ထက်မြင့်ပါက Car Parking သို့မဟုတ် မြေညီထပ်အခန်းကို Car Parking အဖြစ်သုံးရမည်၊ တရားမဝင်ရပ်နားထားသောယာဉ်များအား Tow Truck ဖြင့် ဖယ်ရှားမည် အစရှိသဖြင့် စီမံချက်များချမှတ်လျက်ရှိပါသည်။ သို့သော်ငြားလည်း ကားစီးသူများအနေနှင့် ယာဉ်ရပ်နားမှု ပြဿနားများအား နေ့စဉ် ကြုံတွေ့လျက်ရှိကြောင်း သိရပါသည်။ ယာဉ်မရပ်ရ ဆိုင်းဗုဒ်များကိစ္စ၊ စည်းကမ်းဖျက်ကာ ကားရပ်နားမှုကိစ္စများကို ဥပဒေအရ အရေးယူသွားမည်ဟုဆိုရာတွင် မည်သည့်ဥပဒေနှင့် ငြိစွမ်းမှုရှိသည်နှင့် မည်သည့်ပြစ်ဒဏ်များရှိသည်ကို ကျွန်တော်တို့ MyanmarCarsDB မှ မသိရသေးပါ။

MyanmarCarsDB သုံးစွဲသူ ကားပိုင်ရှင်များမှာ ယခုထုတ်ပြန်သည့်သတင်းကို ကြိုဆိုလေသူလား၊ သို့မဟုတ် အိမ်ပြန်ရောက်၍ ကားရပ်ရန် နေရာမရတော့တဲ့ အဖြစ်မျိုးတွေးကြောက်မိလေသလား မည်သို့ဖြေရှင်းလေမည်လို့ တွေးမိပါသလဲဆိုတာကို MyanmarCarsDB ဝိုင်းတော်သားများကို ပြောပြလှည့်ပါဦးခင်ဗျာ။

(Ref: Myit Makha, MMTimes)

Author