ရန်ကုန် တိုင်းအတွက် ယခုနှစ်အတွင်း ပါကင်ထောက်ခံချက် စနစ်ပြန်လည်ချပေးရန်မရှိတော့ဟုဆို

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားတင်သွင်းခွင့် ပါကင်ထောက်ခံချက်စနစ် ယခုနှစ်အတွင်း ပြန်လည်ချပေးရန် မရှိတော့ဟု မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဌဖြစ်သူ ဒေါက်တာစိုးထွန်းကဆိုခဲ့သည်

ရန်ကုန်ကားတင်သွင်းမှု ပြန်လည်ချပေးမည်ဆိုပါက model year များပြောင်းလဲသွားနိုင်ပြီး လာမည့်နှစ်မှသာ ပြန်လည်ချထားပေးနိုင်ဖွယ်ရှိတယ်လို့ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပခဲ့သည့် MAMDA အသင်းသားစုံညီပွဲတွင် ပြောကြားသွားခဲ့သည်။

ဒီနှစ်ကတော့ ရန်ကုန်အတွက် ပါကင်ပါမစ်နဲ့ ချထားပေးဖို့က မဖြစ်နိုင်တော့ဘူး။ ပြန်လည်ခွင့်ပြုမယ်ဆိုရင်လည်း မိုဒယ်တွေပြောင်းလဲသွားနိုင်တယ် ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဌကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပါကင်ထောက်ခံချက်စနစ် ရပ်ဆိုင်းထားခဲ့သည်မှာ လွန်ခဲ့သော ဧပြီလကစကာ ရပ်ဆိုင်းခဲ့ပြီး လတ်တလော တိုင်းအစိုးရအဖွဲ့မှ ကြေငြာချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိပေ။

ခေတ်သစ်

Author