YBS ယာဉ်လိုင်းများတွင် စပယ်ယာများအား ပြန်လည် ထားရှိမည်မဟုတ်

0

Full article

![](/redline/content/images/2017/07/Bus-helper-300x200.jpg)

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် စပယ်ယာများအား ပြန်လည် လုပ်ကိုင်ရန် ထားရှိမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ ကနေ သိရပါတယ်။ ယာဉ်လိုင်းတွေမှာ စပယ်ယာတွေ ထားတော့မှာမဟုတ်ပါဘူး။cash box စနစ်တပ်ပြီးသွားရင် စပယ်ယာဆိုတာလည်း မရှိတော့ပါဘူး။အများပိုင်စနစ် သွားတဲ့အခါမှာ ကိုယ်ရကိုယ်ယူစနစ် ကို ဖျက်သိမ်းသွားမှာဖြစ်တယ်ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင် ကပြောပါတယ်။ YBS ယာဉ်လိုင်းများတွင် ယာဉ်လုပ်သား(စပါယ်ယာ) အလုပ်အကိုင်ပြန်လည်ရရှိစေရန် ဆန္ဒထုတ်ဖော်မှုကို ဇူလိုင် ၂ဝ ရက်က ပြုလုပ်ခဲ့ကြရာ ယာဉ်လုပ်သားများ အလုပ်အကိုင် ပြန်လည်ရရှိရေး၊ ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်ဆောင်ပေးရေး၊ အာဏာရှင်ဆန်သော လုပ်ဆောင်မှု ပပျောက်ရေး၊ YBS ယာဉ်နောက်လိုက်များ၏ အလုပ်အကိုင် ဆက်လက်တည်မြဲရေး တို့ကို စပါယာ ၃ဝဝ ခန့်က တောင်းဆို ဆန္ဒပြ ကြွေးကြော်ခဲ့ကြသည်။ ထိုကဲ့သို့ ယာဉ်လုပ်သားများ ဆန္ဒပြ ကြွေးကြော် ခဲ့သော်လည်း ခရီးသည်တင်ယာဉ်လိုင်းများကို အများပိုင်စနစ်သို့ ပြောင်းလဲလုပ်ဆောင်မှာ ဖြစ်ပြီး အလုပ်လက်မဲ့ ဖြစ်သွားသော ယာဉ်လုပ်သားများအား YBS အများပိုင်စနစ်စတင်ရာတွင် အခြားလုပ်ငန်းများကို သာ လုပ်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးသည်တင်ယာဉ်လိုင်းများတွင် ဇူလိုင်လ ၂ဝ ရက်နောက်ပိုင်းမှစ၍ စပယ်ယာများမထားရှိတော့ဘဲ ယာဉ်စီးခပေးချေတာကို ခရီးသည်က ကိုယ်တိုင်ထည့်ရတဲ့ Cash box စနစ်တပ်ဆင်အသုံး ပြု ထားရှိရမည်ဟုလည်း အသိပေးထားရှိသည်။

ခေတ်သစ်

Author