Full article

ယာဉ်မောင်းလိုင်စင် မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ် ပုံခန့် ပမာဏသာ ယာဉ်မောင်း လိုင်စင် ထုတ်ယူထားရှိမှု ရှိနေကြောင်း 'ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန'၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။download

လက်ရှိ ပြည်တွင်း၌ မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် အထိ စာရင်းများအရ ယာဉ်အ စီးရေ ၄,ဝ၁၆,၇၅၇ စီးခန့် ရှိနေပြီး ယာဉ်မောင်း လိုင်စင်ထုတ်ယူမှုမှာ ၂,၉၃၁,၅၁၃ ဦးခန့်သာ ရှိနေကြောင်းသိရသည်။ "မှတ်ပုံတင်ယာဉ်အစီးရေထက် ယာဉ်မောင်းလိုင်စင်ထုတ်ယူထားရှိမှု နည်းနေတဲ့သဘော ကတော့ လိုင်စင်မရှိဘဲ မောင်းနေတာတွေ ရှိနေလို့ပေါ့၊ အများအားဖြင့်တော့ နယ်တွေမှာပိုများမယ်၊ နယ်တွေမှာက ဆိုင်ကယ်တွေရှိ ကြပြီး လိုင်စင်မရှိ၊ အသက်မပြည့်ဘဲ မောင်းနေ တာမျိုးတွေကြောင့် ဖြစ်တာများမယ်"ဟု'ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန'မှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်မြင့်ကဆိုသည်။ ၂ဝဝ၉ ခုနှစ်တွင် မြန်မာတစ်နိုင် ငံလုံး၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အပါအဝင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ နှစ်သန်းခန့်ရှိချိန်၌ ယာဉ်မောင်းလိုင်စင် ထုတ်ပေးထားမှုမှာ နှစ်သန်းကျော်တွင်ရှိ ပြီး ယခုလက်ရှိအချိန်မှာတော့ ယာဉ်မောင်းလိုင်စင် ထုတ်ယူမှုပမာဏမှာ နည်းပါးနေကာ မှတ်ပုံတင်ထားသော ယာဉ်အစီးရေပမာဏ များပြားနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းများ၏ အဓိကအကြောင်း အရာများတွင် ယာဉ်လမ်းကြောင်းများ နားလည်မှုမရှိခြင်း၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းအပေါ် အပြည့်အဝ နားလည်မှုမရှိခြင်း၊ ယာဉ်မောင်းသူများ အရည်အချင်းပြည့်ဝမှု မရှိ ခြင်းနှင့် နီးစပ်ရာမှ ယာဉ်မောင်း သင်ကြားမှုများကြောင့် ယာဉ်မတော်တ ဆမှုများ အများဆုံးဖြစ်ပေါ်နေရာ ယာဉ်မောင်းလိုင်စင်ကို စနစ်တကျ ထုတ်ယူခြင်း၊ ပေးအပ်ခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

Ref : Automobile

Author