Full article

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် အမှတ်-၂ တံတားတည်ဆောက်မှုမှာ ၇ဝ ရာ ခိုင်နှုန်းခန့် ပြီးစီးနေပြီး လာမည့် မေလ တွင် ဖွင့်လှစ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Ba-Yin-Naung

အမှတ်-၂ တံတားကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စတင် ဆောက်လုပ်ခြင်း ဖြစ်ပြီး တံတားမှာ ဘုရင့်နောင်ဘက်ကမ်းနှင့် လှိုင်သာယာ ဘက်ကမ်းကို ချိတ်ဆက်ထားသည့်အတွက် အဆိုပါ တံတားပြီးစီးပါက လက်ရှိအချိန်ထိ ဖြစ်ပေါ်လျက်ရှိသော ဘုရင့်နောင် နှစ်ထပ်တံတားအနီး ယာဉ်ကြော ကျပ်တည်းမှု ကို ဖြေလျှော့နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဘုရင့်နောင် အမှတ်-၂ တံတားမှာ ရေလမ်းကင်းလွတ်အမြင့် ၃၆ ပေတွင် တည်ရှိပြီး လေးလမ်းသွား တံတားဖြစ်ကာ ပေ ၁,၆၂၈ ဒသမ ၃ ရှည်လျားကြောင်း၊ ခံနိုင်ဝန်အနေဖြင့် ၇၅ တန် သတ်မှတ်ထားကာ အဆိုပါတံတားကို ငွေကျပ် ဘီလျံ သုံးဆယ်အကုန်ကျခံ ဆောက်လုပ်ထားကြောင်း သိရသည်။

Ref: Automobile

Author