Full article

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီသစ် ထွက်ပေါ်မလာသေးသဖြင့် အက္ခရာအစဉ်လိုက် အတိုင်းသာ အပ်နှံဖွယ်ရှိသောကြောင့် '၁က'အက္ခရာကားများ အဝယ်လိုက်နေကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။![1-Ka](/redline/content/images/2014/04/1-Ka.jpg)

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်က 'အ'အက္ခရာကားများ အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း နှင့်အတူ ၂ဝ၁၄ ခုနှစ်မှ စ၍ မော်တော်ယာဉ် သက်တမ်း အလိုက် အပ်နှံခွင့်ပြုမည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ခဲ့သော်လည်း သုံးလကျော် ကာလအထိ မူဝါဒသစ်ကို မထုတ်ပြန်ခဲ့ပေ။ ထိုအခြေအနေတွင် ကားဝယ်/ရောင်းများက အက္ခရာအစဉ်လိုက် အတိုင်းသာ အပ်နှံခွင့်ပေးဖွယ်ရှိသည်ဟု ယူဆကြပြီး '၁က'အက္ခရာကား များကို ဝယ်ယူနေကြခြင်း ဖြစ်သည်။ "ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒအသစ် ထွက်ပေါ်မလာသေးတဲ့ အခြေအနေမှာ '၁က' အက္ခရာကားတွေကို စွန့်စားပြီး ဝယ်ယူလာကြပါတယ်၊ မော်တော်ယာဉ် သက်တမ်းအလိုက် အပ်နှံခွင့်ပြုခဲ့တယ် ဆိုရင်တောင်မှ '၁က' ကားတွေက အများကြီး အရှုံးပေါ်မှာ မဟုတ်ပါဘူး၊ သက်တမ်း အလိုက် မဟုတ်ဘဲ အက္ခရာတစ်ခုချင်းစီ ခေါ်ခဲ့မယ်ဆိုရင်တော့ '၁က' ကားတွေ ဈေးက သိန်းနှစ်ဆယ်လောက် မြင့်တက်သွားမှာ ဖြစ်ပါတယ်" ဟု ကားဝယ်/ရောင်း တစ်ဦးက ဆိုခဲ့သည်။ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ဈေးကွက် အရ '၁က' အက္ခရာကားများမှာ သိန်းခုနစ်ဆယ် ဝန်းကျင်နှင့် အခြား 'က'တန်း ကားများမှာ ၆၇ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ကားဝယ်/ရောင်းများမှ သိရှိရသည်။

Ref: Auto Mobile

Author