မြန်မာ့နံပါတ်(၁)အွန်လိုင်း ကားအရောင်းအဝယ်ဝက်ဆိုက် CarsDB မှ ကြီးမှူးကျင်းပသော CarsDB Meet-up Event (Mandalay) ကို မေလ ၂ဝတွင် မန္တလေး Oriental House တွင်ကျင်းပ

0

Full article

![](/redline/content/images/2017/05/gege-7-300x225.jpg)

မြန်မာပြည်၏ နံပါတ်( ၁) ကားအရောင်းအဝယ်ဝက်ဆိုဒ်ဖြစ်သော CarsDB မှကြီးမှူးကျင်းပ သည့် CarsDB Meet-up Event (Mandalay) ကို မေလ ၂ဝ ရက် (ယနေ့)တွင်မန္တလေးမြို့ရှိ Oriental House တွင်ကျင်းပခဲ့ပါသည်။

ထိုပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ အွန်လိုင်းကားဈေး ကွက်အရေးပါလာပုံကို သိရှိစေရန်၊ ကားလောကသားအချင်းချင်းတစ်နေရာထဲတွင်တွေ့ဆုံနိုင်ပြီး Networking ရရှိနိုင်စေရန်၊ CarsDB ၏ Partner company များကိုလည်း ကားလောကသားများ ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်စသည့် အချက်များဖြစ်သည်။ ယခုပွဲကို မန္တလေးမှ Brand New Showroom များ၊ Used Car Showroom များ၊ တစ် နိုင်တစ်ပိုင်ကား ဝယ်ရောင်းများနှင့် Online Car Market ကိုစိတ်ပါဝင်စားသူများ၊မန္တလေးမှ မီဒီယာများတက်ရောက်ခဲ့ ကြပါသည်။ အဆိုပါပွဲကို မန္တလေးမြို့တွင်ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တွင်မူ Car Friday အမည်ဖြင့် ထူးခြားသည့်ပွဲများကို CarsDB မှ ဦးစီးပြီးကျင်းပခဲ့ဖူးသည်။

မန္တလေးကားဈေးကွက်တွင် ကားဝယ်သူ/ရောင်းချသူများကို အကူအညီပေးနေသော CarsDB မှ ယခုကျင်းပပြုလုပ်သည့်ပွဲတွင် 'တွင်ကျယ်လာသောအွန်လိုင်း ကားအရောင်းအဝယ်ဈေးကွက်' ဆို သောခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတစ်ခုပါဝင်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် CarsDB မှ CEO ကိုဝေယံလင်း၊မန္တလေးကားလောကမှ ဒေါ်ရူပါဝင်း (ကားပွဲစားတန်း Facebook Group ၏ Admin တစ်ဦး ) ၊ ကိုရန်နိုင်လတ်((MD, Royal Planet World )တို့ပါဝင်ဆွေးနွေးခဲ့ကြပြီး 'ကားအရောင်းအဝယ် ဈေးကွက် အတွက် အွန်လိုင်း၏ အရေးပါလာပုံ၊ အွန်လိုင်းကနေ အရောင်းအဝယ်လုပ်ရင် ရရှိ လာနိုင်မယ့် အကျိုးကျေးဇူးများ၊ အနာဂတ်အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက'် စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် CarsDB ၏ Service များအကြောင်းနှင့်ထို Service များမှာ သာမန် Free Service များထက်ပိုမိုသာလွန်ကောင်းမွန်ကြောင်းကိုလည်း ရှင်းလင်းပြောကြားသွားခဲ့သည်။ CarsDB အနေဖြင့် မန္တလေး အပါအဝင် မြန်မာပြည်ကားဈေးကွက်တွင် လစဉ်ကားအစီးရေ ၇ဝဝဝ ကျော်ရောင်းချနိုင်စေရန် အဓိကကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထို့နောက် ပွဲကိုတက်ရောက် လာကြသူများကို ညစာ စားဖွယ်သောက်ဖွယ်များဖြင့် တည်ခင်းဧည့်ခံ၍ ပျော်ရွှင်စရာ လက်ဆောင်များ ပြန်လည်ပေးအပ်သည့် အစီအစဉ်များလည်း ပြုလုပ်ခဲ့ပါသည်။ယခုပွဲတွင် CarsDB နှင့်အတူပါဝင်ပူးပေါင်းခဲ့ကြသည့် Partner Company များမှာ IKBZ, Continental Tyre, Max Energy, KIXX Lubricant, K2 Car Accessory, YUASA Battery, Nissan (Pacific Alliance Motor) နှင့် JY's – 7 Auto တို့ဖြစ်ကြပါသည်။

Author