Full article

ဂျပန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး ကားထုတ်လုပ်ရေး ကုမ္မဏီတွေထဲက တစ်ခုဖြစ်တဲ့ Nissan ကားကုမ္မဏီဟာ အာရှရဲ့ စီးပွားရေး ဦးမော့လာတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာပြည်တွင် ပထမဆုံးအနေနဲ့ အခြေဆိုက်ဖို့ရှိကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တရားဝင်ပြောကြားလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ်မှ စတင် အသွင်ပြောင်း တိုးတက်လာတဲ့ အရှေ့တောင်အာရှရဲ့ ၅၁.၅ သန်းလောက်ရှိသော ဝယ်ယူအားပေးမှု အလားအလာများနိုင်သည့် အရှေ့တောင်အာရှတိုက်သားတွေဆီသို့ နိုင်ငံခြား ကုမ္မဏီတွေဟာ အလုံးလိုက် အရင်းလိုက် ဝင်လာနေပြီဖြစ်ပါတယ်။

Nissan ကုမ္မဏီအနေနဲ့ ထုတ်လုပ်ရေးပိုင်းတွေကို စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်နဲ့ မိုင် ၅ဝဝေးတဲ့ ပဲခူးတွင် အခြေမချခင် မလေးရှားလူမျိုး စီးပွားဖက်ဖြစ်တဲ့ Tan Chong Motor အုပ်စုနဲ့ ပူပေါင်း စတင်လုပ်ကိုင်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကြေငြာထားတာကတော့ မြန်မာပြည့်မှာ အကြီးမားဆုံး မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းတစ်ခုဖြစ်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း Nissan ကုမ္မဏီအနေနဲ့ ကြေငြာခဲ့ပြီးသားဖြစ်ပါတယ်။

Nissan အနေနဲ့ မြန်မာပြည်အတွက် ကားအရေအတွက် ၁ဝဝဝဝ လောက်ထုတ်လုပ်ရန် မြန်မာလုပ်သား ၂ဝဝ လောက်ကို မလေးရှားသို့ ပညာသင်လွှတ်ပေးမှာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ မော်တော်ယာဉ်တွေ အကုန်လုံးကို ပြည်တွင်း ဈေးကွက်အတွက်ပဲဖြန့်ချီမလား ဒါမှမဟုတ် အချို့ကို ပြည်ပသို့ တင်ပို့မလားဆိုတာ သိပ်ပြီး မသေချာလှပါဘူး။

မြန်မာပြည်ရဲ့ ချဲ့ထွင်လာတဲ့ မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းမှာ Nissan အနေနဲ့ တစ်စိတ်တစ်ဒေသ ပါဝင်ခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်မိတယ်ဆိုတဲ့အကြောင့် ကုမ္မဏီရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ Toru Hasegawa မှပြောကြားခဲ့ပါတယ်။ ယခင် အစိုးရလက်ထက်က အဆမတန်မြင့်မားတဲ့ တင်သွင်းခွင့် အခွန်တွေနဲ့အတူ နိုင်ငံတကာမှ စီးပွားရေးအရ ပိတ်စို့အရေးယူမှုများကြောင့် မော်တော်ယာဉ်တွေရဲ့တန်ဖိုးဟာ အချို့လူတွေအတွက် အဆမတန် များပြားနေခဲ့ပေမယ့် ယခုအခါမှာတော့ ပွင့်လင်းမြင်သာတဲ့ ပြောင်းလဲမှုတွေကြောင့် တစ်ချိန်က ရှင်းလင်းခြောက်ကပ်နေတဲ့ လမ်းတွေဟာ ယခုအခါမှာတော့ နေရာလပ်မကျန်အောင်ကားတွေနဲ့ပြည့်ကြပ်နေတာကိုကြည့်ခြင်းအားဖြင့် မော်တော်ယာဉ်လိုအပ်ချက်တွေမြင့်မားလာမှန်း သိသာထင်ရှားနေပါပြီ။

Nissan ကားများကို ၂ဝ၁၃ ခုနှစ်မှစပြီး မြန်မာပြည်တွင်ရောင်းချလျက်ရှိပြီး နောက်နှစ်နှစ် အကြာမှာတော့ နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒတွေပြောင်းလဲလာတဲ့အခါမှာတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးကူးသန်းရောင်းဝယ်မှုများဟာ အရှိန်အဟုန်မြင့်တိုးတက်လာခဲ့ပါတယ်။

ရင်းနှီးမြှပ်နှံသူတွေအနေဖြင့်လည်း ယခုအစိုးရသစ်လက်ထပ်တွင် မြန်မာပြည်ရဲ့ စီးပွားရေး ဆက်လက်ကြီးထွားလာဖို့ မျှော်လင့်လျက်ရှိပါတယ်။

ကားလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ လုပ်ငန်းချဲ့ထွင်မှုနှင့် မော်တော်ယာဉ်ထုပ်လုပ်ရေးလုပ်ငန်းတွေ အဓိကလုပ်ကိုင်နေတဲ့ ယိုးဒယားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံပြီးလျှင် မြန်မာပြည်ဟာ မော်တော်ယာဉ်ထုပ်လုပ်ရေးလုပ်ငန်းလိုအပ်ချက် အမြင့်မားဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ဒါပေမယ့် ပြီးခဲ့နှစ် ကုမ္မဏီရဲ့ အကျိုးအမြတ်ဟာ စီးပွားရေး ခိုင်ခံ့လှတဲ့ မြောက်အမေရိက ဈေးကွက် နှင့် ဦးမလာတဲ့ တရုတ်ဈေးကွက်ပြီးလျှင် အများဆုံးဖြစ်လာခဲ့ပါတယ်။

အမေရိကန်ရဲ့ တောင့်တင်းခိုင်မာလှတဲ့ Ford မော်တော်ယာဉ်လုပ်ငန်းမှ ပြခန်းများကို ရန်ကုန်တွင် ပြခန်းများဖွင့်လှစ်စဉ်မှာပဲ ဂျပန်ရဲ့ Suzuki ကားကုမ္မဏီမှလည်း မြန်မာပြည်တွင် ကားများ ထုတ်လုပ်လျက်ရှိပါတယ်။

Author