ဂျပန်နိုင်ငံအခြေစိုက် နစ်ဆန်း(Nissan) ကုမ္ပဏီက မော်တော်ယာဉ်အစိတ်အပို်င်းများ ပေါင်းစပ်တပ်ဆင်သောစက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန်ဆွေးနွေးနေကြောင်း ရင်းနှီးမြုပ်နှံမှု နှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇူလိုင် ၁၆ ရက်နေ့က Nissan Techno Co.,Ltd. တာဝန်ရှိသူများနှင့် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ နေပြည်တော်တွင် ရင်းနှီးမြုပ်နှံမှုနှင့်သက်ဆိုင်သော ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ယင်းဌာနမှ ညွန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးကပြောကြားသည်။
နစ်ဆန်းက မော်တော်ယာဉ်အစိတ်အပိုင်းများ နောက်ဆုံးအဆင့်တပ်ဆင်သည့်စက်ရုံ တည်ဆောက်ရန်လျှောက်ထားခဲ့ပြီး စက်မှုဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို စောင့်ဆိုင်းနေကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
အဆိုပါနစ်ဆန်းကုမ္ပဏိ၏ အပိုပစ္စည်းနှင့် ဆားဗစ်စင်တာကို ရန်ကုန်မြို့တွင် ၂ဝ၁၁ ခုနှစ်ကတည်းက ဖွင့်လှစ်ထားသည်။ နစ်ဆန်းကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။
The Voice Weekly မှ ကူးယူဖော်ပြသည်။
Photo Credits to Steve Talas