Nissan Sunny ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

0

Full article

OLYMPUS DIGITAL CAMERA

Nissan Motor ၏ ကိုယ်စားလှယ် တန်ချောင်မော်တာ(မလေးရှား) ၏ လက်အောက်ခံ ကုမ္မဏီဖြစ်သော တန်ချောင်မော်တာ(မြန်မာ)မှ ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော Nissan Sunny ကားသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က Novotal Hotel တွင် ပထမဆုံးမိတ်ဆက်ပြသခဲ့သည်။

မြန်မာနိုင်ငံ၏ Iconic ဖြစ်ခဲ့ဖူးသော Nissan Sunny သည် ရှေးကျသော ပုံစံဟောင်းများမှ ခွဲထွက်၍ ကျော့ရှင်းသော သေသပ်ကြီးမားသော ရှေ့ဇကာဒီဇိုင်း၊ ကွေးညွတ်သော၊ စတိုင်ကျသော ရှေ့မီးခွက်ဒီဇိုင်း၊ ကားအစိတ်အပိုင်းတစ်ချို့ကြောင့် အလွန်ပင် ခန့်ညားလှပါသည်။The New Nissan Sunny ကားသစစ်မှာ 2016 late Model ဖြစ်ပြီး မျိုးဆက် ၁ဝ ခုမြောက်အဖြစ် ထုတ်လုပ်သော ကားလည်းဖြစ်သည်။ Sunny Sedan ကားများကို တစ်ကမ္ဘာလုံးတွင် အစီးရေ သန်း ၂ဝ ကျော်ရောင်းချခဲ့ပြီးဖြစ်ပါသည်။ 1.5 L အင်ဂျင်ကို အသုံးပြုထားပြီး ဓာတ်ဆီအင်ဂျင်သုံး ကားလည်းကာ Nissan ၏ နည်းပညာအစုံအလင်ကိုလည်း အဆိုပါကားတွင် ရရှိခံစားနိုင်မည်ဖြစ်သည်။ ထိုကားတွင် Fog Lamps and Daytime Running Lamps ကဲ့သို့သော မီးစနစ်၊ ကြည့်ရလွယ်ကူသောမီတာပြခွက်နှင့် အချက်အလက်ဖြန်သားပြင်၊ အလိုအလျောက် အပူတိုင်းချုပ်မှုစနစ်၊ Push Start၊ ကားနောက်ခန်းပန်ကာ အပါအဝင် ကျယ်ဝန်းသော အတွင်းခန်းနှင့် Cargo Space ကိုပါ ရရှိနိုင်မှာဖြစ်သည်။

လုံခြုံရေးစနစ်အနေဖြင့် Air Bag (၂) လုံးပါဝင်မည်ဖြစ်ပြီး Anti Lock Breaking System (ABS) ၊ ဘရိတ်နင်းရာတွင် lock မကျစေသော စနစ် (EBD) နှင့် Brake Assist (BA) စနစ်တို့ပါဝင်သည်။

Nissan Sunny ကားသစ်ကို အရောင် ၄ မျိုးနှင့် Grade (၃) မျိုးရွေးချယ် ဝယ်ယူနိုင်ပါသည်။ Basic Grade ဖြစ်သော Manual ဂီယာ အမျိုးအစားကို ၂ဝ၆ သိန်း ++ ဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး SV Grade Auto Gear ကားကို ကျပ်သိန်း ၂၂ဝ နီးပါး ++ ဖြင့်လည်းကောင်း၊ SL Grade Auto Gear ကားကို ကျပ်သိန်း ၂၄၄ သိန်း++ ဖြင့်လည်းကောင်း သတ်မှတ်ကာလအတွင်းဝယ်ယူနိုင်ပြီဖြစ်သည်။ အာမခံအနေဖြင့် ၃နှစ် (သို့) ကီလို ၁သိန်းရရှိနိုင်ပြီး အဖြူ၊ အမဲ၊ ငွေရောင်နှင့် ကြေးညိုရောင် တို့ကို စိတ်ကြိုက်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဆက်သွယ်မေးမြန်းလိုပါက

United Diamond Motor Co.,ltd

09 257 587 778 , 09 257 587 779,

Author