Full article

Nissan ကားကုမ္ဗဏီသည် steer-by-wire ဟုခေါ်သော နောက်ဆုံးပေါ်နည်းပညာသုံး၍မောင်းရသည့် ကားများကို ယခုနှစ်ပိုင်းအတွင်း ထုတ်လုပ်ရောင်းချသွားရန် စီစဉ်လျှက်ရှိပါသည်။ ထိုနည်းပညာအသစ်အရ မော်တော်ကား၏ steering wheel မှတစ်ဆင့် electronic signal များကို ကွန်ပျူတာစနစ်သို့ ပေးပို့ပြီး ထိုကွန်ပျူတာစနစ်မှ မော်တော်ကားဘီး၏ လှုပ်ရှားမှုများကို ထိန်းချုပ်သွားမည်ဟု သိရသည်။ 

ယခုအသုံးပြုမည့် နည်းပညာမှာ လေယဉ်ပျံများတွင် တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သော်လည်း ကားထုတ်လုပ်ရောင်းချမည့် ဈေးကွက်တွင်မူ ပထမဆုံးဖြစ်လိမ့်မည်ဟု Nissan ကုမ္ဗဏီမှ ပြောပါသည်။ သို့သော်လည်း ကွန်ပျူတာစန်စဖြင့် ကားသွားလာမှုပုံစံကို ထိန်းချုပ်ရမည်ဖြစ်၍ မော်တော်ယဉ် မောင်းနှင်သူများ၏ လုံခြုံစိတ်ချရမှုအတွက် များစွာထည့်သွင်းစဉ်းစားရဦးမည်ဟု ဆိုကြပါသည်။ ယခုနည်းပညာသည် နောက်ပိုင်းတွင် မောင်းသူမဲ့ မော်တော်ယဉ်များတွင် ထည့်သွင်းသွားရန် ဖြစ်နိုင်ခြေရှိသည်ဟု လေ့လာသူများမှ ပြောပါသည်။

nissan-steer-by-wire-500x332

လက်ရှိအသုံးပြုနေသော စနစ်ထက် ကားဘီးအားထိန်းချုပ်နိုင်မှုမှာ ပိုမိုမြန်ဆန်လာမည့်အတွက် မောင်းနှင်သူများအနေဖြင့် ပိုမိုကောင်းမွန်သော မောင်းနှင်မှုကို ခံစားရမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ဗဏီမှ ပြောကြားသည်။ ထို့အပြင် လမ်းကြမ်များ၊ ချိုင့်များကြောင့် ကား၏ steering အားတင်းကြပ်စွာ ကိုင်တွယ်မောင်းနှင်ရန် လိုတော့မည်မဟုတ်ကြောင်းလည်း သိရသည်။

သို့သော်လည်း ကွန်ပျူတာစနစ်ကို အသုံးပြုသည့် အခြားကားများ၏ ပြသနာတစ်ချို့ကြောင့် ကားဝယ်မည့်သူများမှာ မိမိတို့၏ အသက်တစ်ချောင်းအား ယခုလို ကွန်ပျူတာစနစ်တစ်ခုလုံးပေါ်တွင် ပုံအပ်ထားရမည့်အခြေအနေကို စိုးရိမ်လျှက်ရှိနေသည်။ အကြောင်းမှာ ၂ဝဝ၄ ခုနှစ်တွင် မာစီးဒီး ကုမ္ဗဏီမှ အသုံးပြုခဲ့သော ကား၏ဘရိတ်အား wire ဖြင့်ထိန်းချုပ်သည့် break-by-wire စနစ်မှာ တစ်ခါတစ်ရံ ချို့ ယွင်းမှုများရှိခဲ့သည်။ hydraulic စနစ်ဖြင့် back-up ဘရိတ်စနစ်ပါဝင်သော်လည်း ကားမောင်းသူအချို့ မှာ ဘရိတ်သုံး၍ ကားရပ်ရန် အချိန်ပိုကြာမြင့်သည်ဟု ပြောကြပါသည်။ ထို့ကြောင့် မာစီးဒီး ကုမ္ဗဏီမှ ကားအစီးရေ ၂ သန်းခန့်အား ပြန်လည်ခေါ်ယူ၍ ထိုစနစ်အား ပြန်လည် ဖြုတ်ပေးခဲ့ရသည်။

ထို့ကြောင် Nissan ကုမ္ဗဏီအနေဖြင့် လည်းကောင်းတို့၏ steer-by-wire စနစ် တစ်ခုခု ချို့ ယွင်းသွားပါက အသုံးပြုရန် back-up clutch စနစ်တစ်ခု ထည့်သွင်းပေးသွားမည်ဟု သိရသည်။ ထိုအခက်အခဲများကို ဖြေရှင်းနိုင်ပါက steering wheel အားကြိုက်သည့်နေရာတွင် ထားလို့ရမည်ဖြစ်ကြောင်း Nissan မှ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။ ကားနောက်ခန်းတွင် steering wheel ထားလို့ရလာမည်ဖြစ်သည့်အပြင် joystick အသုံးပြု၍ ကားမောင်းရန်ပင် ဖြစ်နိုင်သည်ဟု လည်းကောင်း အင်ဂျင်နီယာက ပြောကြားသည်။

အစပိုင်းတွင်မူ မောင်းနှင်သူများအတွက် စိုးရိမ်စရာများ ရှိမည်မှာ သေချာမည်ဖြစ်သော်လည်း တဖြည်းဖြည်း နောက်ပိုင်းတွင်မူ လူကိုယ်တိုင် ထိန်းချုပ်စရာမလိုသည့် မောင်းသူမဲ့ ကားများပါ ပေါ်ပေါက်လာနိုင်သည်ဖြစ်ရာ လူများအတွက် အသားကျသွားလိမ့်မည်ဟု သုံးသပ်ကြပါသည်။

Author