တစ်ဦးချင်းတင်သွင်းသည့် ကားပါမစ်လျှောက်ထားမှူကို ကာယကံရှင်ကိုယ်တိုင်လျှောက်ထားခြင်း ပါမစ်ချပေးမှူ တင်းကြပ်လာသဖြင့် ပါမစ်တစ်စောင်ကို ငွေကျပ် သိန်း ၂ဝ ထိဈေးမြင့်တက်

0

Full article

လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်ပါမစ်လျှောက်ထားမှူများကို ဒီဇင်ဘာ ၁၃ ရက်မှစ၍ ကိုယ်စားလှယ်များနှင့် ကုမ္ပဏီဝန်ထမ်းများစေလွတ်၍ ကားပါမစ် လျှောက်ထားခွင့်မပြုတော့ပဲ ကားတင်သွင်းမည့်သူကိုယ်တိုင် လာရောက်လျှောက်ထားမှူကိုသာ လက်ခံဆောင်ရွက် ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ထို့သို့ ကားပါမစ်လာရောက်လျှောက်ထားရာတွင်လည်း ကာယကံရှင်ဟုတ်မဟုတ် သေချာစိစစ်မှူများပြု လုပ်နေတဲ့အတွက် ပါမစ်ရရှိမှူနည်းပါးလာသဖြင့် ပါမစ်တစ်ဆောင်ကို သိန်း ၂ဝ ပေါက်ဈေးရှိနေတယ်လို့ ကားပါမစ်အရောင်းအဝယ်ပြုလုပ်သူများကပြောပါတယ်။ ဂျပန်ကနေ ကားတင်သွင်းထားတဲ့သူတွေ အများကြီးရှိနေတယ်။ဒီနှစ်မိုဒယ်သတ်မှတ်ချက်ကို မှီဖို့အတွက် တင်သွင်းလာတာ။ပါမစ်လျှောက်ဖို့ ရက်နီးတော့မှ အရင်လိုမဟုတ်ပဲ လူကိုယ်တိုင်လုပ်ရတာတွေ မှတ်ပုံတင်ပြပီး သေချာစစ်ဆေးနေတာကတော့မဖြစ်သင့်ဘူး မှတ်ပုံတင်နဲ့လာလျှောက်တဲ့သူမှန်နေရင်ခွင့်ပြုပေးသင့်တာ။အခုက မေးခွန်းတွေအမျိူ းမျိူ းမေးနေတယ် နည်းနည်းလေးတော့ဖြေလျှော့ပေးသင့်ပါတယ်လို့ ကားပါမစ်လျှောက်ထားနေသူ ကိုသီဟအောင် ကပြောပါတယ်။

ပြည်ပနိုင်ငံကနေ လေလံမှာယူတင်းသွင်းထားတဲ့ကားများအနေနဲ့ ကားပါမစ်လျှောက်ရခက်နေတဲ့အတွက် ပါမစ်ဈေးထပ်မံမြင့်တက်လာနိုင်တယ်လို့လည်းသိရပါတယ်။

Author