Full article

၂ဝ၁၅ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုအတွက် ၂ဝဝ၃ မော်ဒယ်မှ ၂ဝဝ၉ မော်ဒယ်အထိ တင်သွင်းခွင့်ရပြီး _Free Permit_တင်သွင်းခြင်းတွင် ၂ဝ၁ဝ မှ ၂ဝ၁၅ ထိတင်သွင်းခွင့်ရဖွယ်ရှိကြောင်း ကား  _Show Room_ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။ယခု ၂ဝ၁၄ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုအတွက် ၂ဝဝဝ မော်ဒယ်မှ ၂ဝဝ၈ မော်ဒယ်အထိတင်သွင်းခွင့် ရရှိထားကြောင်းသိရသည်။

လာမည့်နှစ်တွင် မော်ဒယ်သက်တမ်း ၃ နှစ်အထိတိုးမြှင့်ပြီး ၂ဝဝ၃ မော်ဒယ်များကို တင်သွင်းခွင့်ရပါက _CIF_တန်ဖိုးမလျော့လျှင် ယခုနှစ်ပိုင်းအတွင်း ပေါ်ပြူလာဖြစ်သည့်ကားများ မြင်တွေ့ရမှုနည်းပါးသွားနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။

"အခန့်မသင့်ရင် လာမည့်နှစ်မှာစလစ်ကပ်ကားတွေ ၂ဝဝ၃-၂ဝ၁ဝ အထိ တင်သွင်းရမယ်လို့ဖြစ်သွား နိုင်တယ်။ မော်ဒယ်က ၃ နှစ်မြင့်သွားတဲ့အတွက် တန်ဖိုးမြင့်သွားမယ်။ _CIF_မချရင်တော့ အခုအစီးများပြီးပေါ်ပြူ လာဖြစ်နေတဲ့ ကားတွေပျောက်သွားနိုင်တယ်။မော်ဒယ်ကမြင့်မယ်၊ _CIF_ကိုလည်းချမယ်ဆိုရင်တော့ စီးရတဲ့သူ တွေအတွက်အဆင်ပြေတာပေါ့" ဟုရှင်းပြသည်။

_RAV 4၊ Kluger_ကဲ့သို့ကားများအား စီးနင်းမှုများလာနိုင်ဖွယ်ရှိပြီး ၂ဝဝ၂ ခုနှစ်မှထွက်သော _Alphard_ကဲ့သို့ကားများမှာ ၂ဝဝ၃ မော်ဒယ်အတွက် _CIF_ဈေးနှုန်းသင့်တင့်ပါကအစီးများလာနိုင်ကြောင်းသုံးသပ်ပြသည်။ လုပ်ငန်းသုံး _Taxi_ယာဉ်များအဖြစ် အများဆုံးအသုံးပြုသည့် _Caldina_ဖင်ကောက်ကဲ့သို့ကားများမှာ ၂ဝဝ၂ မော် ဒယ်အထိသာလေးပါရှိသဖြင့် ၂ဝဝ၃ မော်ဒယ်ဆိုပါက အကြိုက်နည်းသွားနိုင်ကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author