Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ရာသက်ပန်အဌားယာဉ် CC အက္ခရာ ဇွန်လနောက်ဆုံးပတ် စထုတ်ပေးမည်
  • သအက္ခရာယာဉ်ဟောင်းများ ဇူလိုင်လဆန်း အပ်နှံခွင့်ပြုဖွယ်ရှိ
  • စက်မှုဇုန်ကားများ အပ်နှံခွင့်ပြုရန် အစီအစဉ်မရှိဟုဆို
  • မန္တလေးတွင် အစားထိုးယာဉ်အခက်အခဲကြောင့် လအက္ခရာယာဉ်များ အပ်ရန်ကျန်
  • CNG ဈေးနှုန်းမြှင့်ပါက တက္ကစီမောင်းသူများ အခက်အခဲတွေ့နိုင်ဟုဆို
  • ၄စနံပါတ်များ(၁ဝဝဝ)ကျော်ထိရောက်
  • သအက္ခရာအပ်နှံမှု မစတင်သေးသော်လည်း ကြိုပွိုင့်ဝယ်ယူမှုများရှိနေ
  • ဟွန်ဒိုင်းမီနီဘတ်စ်ကားများ ဝယ်လိုအားများဟုဆို
  • မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာကားဈေးကွက် ထပ်ပြောင်းရွှေ့ရဖွယ်ရှိ
  • ရန်ကုန်ဈေးကွက်တွင် ကားအသေးတင်သွင်းမှုများ--more-

news_this_week

ရာသက်ပန်အဌားယာဉ် CC အက္ခရာ ဇွန်လနောက်ဆုံးပတ် စထုတ်ပေးမည်

ရာသက်ပန် အဌားမော်တော်ယာဉ်များကိုသာ ထုတ်ပေးသည့် CC အက္ခရာနံပါတ်များကို ဇွန်လနောက်ဆုံးပတ်တွင် စတင်ထုတ်ပေးမည်ဖြစ်ကြောင်း က.ည.န မှ လက်ထောက်ညွန်ကြားရေးမှုး ဦးသိန်းထွဋ်က ပြောကြားသည်။ လက်ရှိတွင် BB အက္ခရာ(၉၃ဝဝ)ကျော်သို့ ရောက်ရှိနေပြီး ရာသက်ပန်အဌားယာဉ်နံပါတ်ကို တစ်ရက်လျှင် ပျမ်းမျှအစီး(၇ဝ)ခန့် ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

Ref: The Voice Daily

"သ"အက္ခရာယာဉ်ဟောင်းများ ဇူလိုင်လဆန်း အပ်နှံခွင့်ပြုဖွယ်ရှိ

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ နှစ်(၂ဝ)ကျော်သက်တမ်းရှိ "သ"အက္ခရာ မော်တော်ယာဉ်ဟောင်းများ အပ်နှံခွင့်နှင့်ပတ်သက်၍ ယခုလအတွင်း တင်ပြပြီးဖြစ်သောကြောင့် အဆိုပါယာဉ်များကို ဇူလိုင်လဆန်းတွင် အပ်နှံခွင့်ပြုဖွယ်ရှိကြောင်း အဆိုပါဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ ဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိပါက အပ်နှံခွင့်ပြုမည့်အချိန်ကို တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

Ref: The Voice Daily

စက်မှုဇုန်ကားများ အပ်နှံခွင့်ပြုရန် အစီအစဉ်မရှိဟုဆို

စက်မှုဇုန်ဂျစ်ကားများအပါအဝင် စက်မှုဇုန်ထုတ်ကားများကို က.ည.နသို့ အပ်နှံခွင့်ပြုရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတို့တွင် အစီအစဉ်လုံးဝမရှိကြောင်း အဆိုပါဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ စက်မှုဇုန်ထုတ်ဂျစ်ကား အပါအဝင် စက်မှုဇုန်ထုတ်ကားများကို က.ည.န သို့ အပ်နှံခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် စက်မှုဇုန်ဂျစ်ကားများ အရောင်းအဝယ်ပြုလုပ်လာကြကြောင်း စုံစမ်းသိရှိရသော်လည်း အဆိုပါသတင်းမှာမမှန်ကန်ကြောင်း က.ည.န မှ ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

မန္တလေးတွင် အစားထိုးယာဉ်အခက်အခဲကြောင့် "လ"အက္ခရာယာဉ်များ အပ်ရန်ကျန်

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေးစီမံချက်အရ "လ"အက္ခရာ နံပါတ်မော်တော်ယာဉ်များကို မတ်(၂၈)နေ့တွင် စတင်အပ်နှံခွင့်ပြုခဲ့ရာ အစားထိုးယာဉ်အခက်အခဲကြောင့် အပ်နှံရန်ယာဉ်များ ကျန်ရှိနေသေးကြောင်း အဆိုပါဌာနတာဝန်ရှိသူတစ်ဦးမှပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း "လ"အက္ခရာယာဉ်ပေါင်း(၁၆၄၇)စီးရှိရာ အဆိုပါယာဉ်များအပ်နှံပြီးပါက "သ"အက္ခရာများကို ဆက်လက်အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ယင်းဌာနဦးစီးမှုးထံမှ သိရှိရသည်။

Ref: The Voice Daily

CNG ဈေးနှုန်းမြှင့်ပါက တက္ကစီမောင်းသူများ အခက်အခဲတွေ့နိုင်ဟုဆို

CNG အသုံးပြုမောင်းနှင်သော Taxi များအနေဖြင့် ဒီဇယ်၊ ဓါတ်ဆီဈေးနည်းတူ CNG ဈေးနှုန်းအား သတ်မှတ်ရောင်းချမည်ဆိုပါက တွက်ခြေမကိုက်၍ အခက်တွေ့နိုင်ကြောင်း CNG ဖြင့်မောင်းနှင်သည့် Taxi ယာဉ်မောင်းတစ်ဦးမှ ပြောကြားသည်။ ဇွန်(၁)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ CNG ဈေးနှုန်းများ ထုတ်ပြန်ကြေညာထားသော်လည်း ယခုအချိန်တွင် CNG မောင်းနှင်အသုံးပြုသူများမှ ဈေးနှုန်းတိုးမြင့်ဝယ်ယူရခြင်းမရှိသေးကြောင်း သိရှိရသည်။

Ref: Auto World

"၄စ"နံပါတ်များ(၁ဝဝဝ)ကျော်အထိရောက်

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ မော်တော်ယာဉ်အသစ်များ အစားထိုးပြီး ယာဉ်လိုင်စင်များထုတ်ပေးလျက်ရှိရာ ယခုလဒုတိယအပတ်မှစ၍ "၄စ"နံပါတ်များ ထုတ်ပေးခဲ့ရာ(၁၂ဝဝ)ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ က.ည.န မှ ကနဦးမှတ်ပုံတင်များအား တစ်နေ့လျှင် ပျမ်းမျှအစီးရေ(၃ဝဝ)မှ(၄ဝဝ)ကြား ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Ref: Auto World

"သ"အက္ခရာအပ်နှံမှု မစတင်သေးသော်လည်း ကြိုပွိုင့်ဝယ်ယူမှုများရှိနေ

"သ"အက္ခရာအပ်နှံမှုမစတင်သေးသော်လည်း ကြိုပွိုင့်အနေဖြင့် ဝယ်ယူမှုများရှိနေကြောင်း ကားလေလံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။ ထိုကဲ့သို့ဝယ်ယူမှုကြောင့် ကားဈေးအနည်းငယ်တက်နေပြီး သိန်း(၉ဝ)နှင့်(၉၅)သိန်းကြားတွင် ဈေးပေါက်နေကြောင်း သိရှိရသည်။ အပ်နှံမှုလက်ခံနေသော ကားစလစ်ဈေးမှာ သိန်းတစ်ရာကျော်ဝန်းကျင်ရှိနေပြီး ထိုကဲ့သို့စလစ်ဈေးများမြင့်တက်ခြင်းမှာ ယာဉ်ဟောင်းများရှားပါးလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

ဟွန်ဒိုင်းမီနီဘတ်စ်ကားများ ဝယ်လိုအားများဟုဆို

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဟိုင်းလတ်များ၊ ဒိုင်နာများနေရာတွင် အစားထိုးရန်အတွက် ကိုးရီးယားဟွန်ဒိုင်း၊ Mini Bus များအား စိတ်ဝင်စားမှုများပြားနေကြောင်း သိရသည်။ မိုးတွင်းသို့ရောက်ရှိသော်လည်း နယ်ဝယ်အားပိုများနေပြီး (၂၅)ယောက်စီးနှင့် (၂၉)ယောက်စီးများ ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရသည်။ (၄၅)ယောက်စီးများကိုမူ ကိုရီးယားစက်ရုံထုတ်ဈေးနှုန်းအတိုင်း ရောင်းချကာ ဝန်ဆောင်မှုကိုသာယူ၍ရောင်းချပေးသဖြင့် Customer များဘက်မှသက်သာကြောင်း ရွှေမြိတ်သားကုမ္ပဏီမှ ဦးစိုးဌေးမှ ပြောသည်။ အများအားဖြင့် ကိုးရီးယားဟွန်ဒိုင်း Bus ကားများအား အဝေးပြေးယာဉ်လိုင်းများတွင် အသုံးပြုမှုများပြားပြီး အခြေခံဈေးနှုန်းဒေါ်လာ(၁၁၅ဝဝဝ) ဝန်းကျင်တွင်ရှိကြောင်း သိရှိရသည်။

Ref: Auto World

မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာကားဈေးကွက် ထပ်ပြောင်းရွှေ့ရဖွယ်ရှိ

ရန်ကုန်မြို့ ကားဝယ်ရောင်းဈေးကွက်ဖြစ်သော မင်းရဲကျော်စွာကားဝင်းကို မင်္ဂလာဒုံဘက်သို့ပြောင်းရွှေ့ရမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ မင်းရဲကျော်စွာကားဝင်းသို့ ယခုနှစ် မတ်လ(၃)ရက်နေ့တွင် စတင်ပြောင်းရွှေ့ခဲ့ရပြီး လေးလကြာမြင့်သည့်အခါ ယခုကဲ့သို့ထပ်မံပြောင်းရွှေ့ရမည်ဆိုသောသတင်းများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခုကဲ့သို့ မင်းရဲကျော်စွာကားဝယ်ရောင်းနေရာပြောင်းရွှေ့လျှင် သီရိမင်္ဂလာဈေးနေရာပါ တစ်ပါတည်းပြောင်းရွှေ့ရမည်ဟု ထင်ကြေးပေးနေကြကြောင်း သတင်းရရှိသည်။

Ref: 7DAY SHOPPING GUIDE

ရန်ကုန်ဈေးကွက်တွင် ကားအသေးတင်သွင်းမှုများ

ရန်ကုန်ကားဈေးကွက်တွင် အသေးစားကားအသစ်လေးများ ဝင်ရောက်မှုများလာကြောင်း သိရှိရသည်။ ကားအသေးလေးများကို မြို့တွင်းအဌားယာဉ်ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်သော ကားငယ်များဖြစ်ကြောင်း၊ TaTa ၊ Toyota Passo ၊ Nissan Tube စသည့် အမျိုးအစားများဖြစ်ကြောင်း သိရှိရသည်။

Ref: 7DAY SHOPPING GUIDE

Author

Comments