Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • တက္ကစီစလစ်အတွက် Suzuki R- များအဝယ်လိုက်နေ
  • ဝယ်လိုအားများသော Mini Truck များဈေးနှုန်းအနည်းငယ်မြင့်တက်နေ
  • ကျောင်းကြို/ပို့ကားအဖြစ် အသုံးပြုရန် Mini Bus များအဝယ်လိုက်
  • ခရီးသည်တင်ယာဉ်အင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိသော မြို့တွင်းခရီးသည်တင်ယာဉ်များအား မ.ထ.သ မှသတိပေးစာပို့မည်
  • မြန်မာမီနီဆလွန်းကားများ အရစ်ကျစနစ်ဖြင့် နိုင်ငံဝန်ထမ်းများအားရောင်းချပေးရန် အစီအစဉ်ရှိဟုဆို
  • Taxi များကို မ.ထ.သ(ဗဟို)မှကြီးကြပ်မည်ဆိုခြင်းမှာ ပြည်သူလူထုသယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍကို မြင့်တင့်ပေးခြင်းသာဖြစ်
  • မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် ခရီးသွားလာမှုဆိုင်ရာစစ်တမ်းကောက်ယူမည်
  • လမ်းဘေးကားပါကင်သည်များ လိုက်လံသိမ်းဆည်း/
  • အောင်မင်္ဂလာ အဝေးပြေးကားဝင်းအသစ် သြဂုတ်လအတွင်းဖွင့်လှစ်နိုင်တော့မည်
  • ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း နယ်လှည်ပြီးပြုလုပ်ပေးမည်
  • ယာဉ်ကြောမပိတ်ဆို့ရေးအတွက် အနော်ရထာလမ်းပေါ်ရှိ လမ်း(၃ဝ)မှတ်တိုင်ဖျက်သိမ်း
  • ဘီးခွန်ဆောင်ခြင်းကို ဇွန်လမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးမည်/--more-

news_this_week

တက္ကစီစလစ်အတွက် Suzuki R- များ အဝယ်လိုက်နေ

တက္ကစီစလစ်အတွက် Suzuki R- ကားများ အဝယ်လိုက်နေကြောင်း ကားဝယ်/ရောင်းများထံမှသိရှိရသည်။ ယာဉ်အို၊ယာဉ်ဟောင်းဝယ်ရောင်းများအနေဖြင့် ယခင် ရန်ကုန် ကညန ရုံးတွင် Suzuki R- ကားများကို အပ်နှံ ခွင့်မပြုဟူသည့်အထင်ဖြင့် နယ်မြို့များသို့ဆင်းကာ နံပါတ်အနီပြောင်းပြီး တက္ကစီစလစ်ထုတ်ယူခဲ့ကြသည်။သို့ သော်စက်မှုဇုံထုတ်ကားများမှလွဲပြီး မည်သည့်ကားမဆိုအပ်နှံပါက တက္ကစီစလစ်ထုတ်ပေးမည် ဆိုသောကြာင့် Suzuki R- ကားများသည်လည်း ယခင် ကထက် အဝယ် လိုက်နေကြောင်း သိရှိရသည်။

Ref:Auto mobile

ဝယ်လိုအားများသော Mini Truck များ ဈေးနှုန်းအနည်းငယ် မြင့်တက်နေ

ဈေးနှုန်းသက်သာသော လုပ်ငန်းသုံးယာဉ်များဖြစ်သည့် Mini Truck များသည် ဝယ်လိုအားမြင့်မားမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်း ကားဝယ်/ရောင်းများမှတဆင့် သိရသည်။ပြည်တွင်းဈေးကွက်အတွင်း တွင် Mini Truck များ ဝယ်လိုအားမြင့်တက်နေပြီး ဧပြီလမတိုင်ခင်က Suzuki Carry Truck သည် သိန်း(၆ဝ) ဝန်းကျင် ပေါက်ဈေးရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်းတွင် (၆၅)သိန်းအထိ ဈေးနှုန်းမြင့်တက်သွားခဲ့သည်။ အလားတူ Daihatsu ၊ Mitsubishi ၊ Honda ၊ Subaru ၊ Mazada Carry Truck များလည်း ယခုရက်ပိုင်းအ တွင်း ဈေးနှုန်းမြင့်တက်သွားခဲ့ကြောင်း သိရှိရသည်။

Ref:Auto mobile

ကျောင်းကြို/ပို့ကားအဖြစ် အသုံးပြုရန် Mini Bus များ အဝယ်လိုက်

ကျောင်းကြို/ပို့ကားအဖြစ် အသုံးပြုရန်အတွက် Mini Bus ကားများအဝယ်လိုက်နေပြီး အရောင်း အဝယ် သွက်လျက်ရှိကြောင်း General Arr Mann Thit မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ကျောင်းကြို/ပို့ ပြေးဆွဲနေသော ယာဉ်ပိုင်ရှင်အချို့သည် ယခင်ကပြေးဆွဲလျက်ရှိသည် Light Truck များနေရာတွင် Mini Bus ကားများဖြင့် အစားထိုးပြေးဆွဲနိုင်ရန်အတွက် ယခုကဲ့သို့ဝယ်ယူမှုများရှိလာကြောင်း အဆိုပါကားဈေးကွက်အ တွင်းမှသိရသည်။

Ref: Auto mobile

ခရီးသည်တင်ယာဉ် အင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိ သော မြို့တွင်းခရီးသည်တင်ယာဉ်များအား မ.ထ.သ မှ သတိပေးစာပေးပို့မည်

အများပြည်သူစီးနင်းလိုက်ပါနိုင်သည့် ခရီးသည်တင်အင်္ဂါရပ်နှင့်ကိုက်ညီမှုမရှိသော မြို့တွင်းခရီးသည်တင်ယာဉ် များအား မ.ထ.သ(ဗဟို)မှ သတိပေး စာပေးပို့သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။မြို့တွင်းပြေးဆွဲလျက်ရှိ သည့်ခရီးသည်တင်ယာဉ်များတွင် ယာဉ်ဖွဲ့စည်းပုံသတ်မှတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိခြင်း၊ကြံ့ခိုင်မှု အားနည်း ၍ အများပြည်သူလိုက်ပါစီးနင်းရန် မသင့်တော်သောယာဉ်များအား မ.ထ.သ(ဗဟို)မှသတိပေး အကြောင်းကြား စာပေးပို့၍ ပြုပြင်ခြင်း၊အစားထိုး လဲလှယ်ခြင်း များ ပြုလုပ်စေမည်ဖြစ်ကြောင်း မ.ထ.သ(ဗဟို)မှဥက္ကဌဦးလှအောင် ကပြောကြားသည်။

Ref:Auto mobile

မြန်မာမီနီဆလွန်းကားများ အရစ်ကျစနစ်ဖြင့် နိုင်ငံဝန်ထမ်းများအား ရောင်းချပေးရန် အစီအစဉ်ရှိဟုဆို

စက်မှုဝန်ကြီးဌာနမှ ရောင်းချပေးလျက်ရှိသော မြန်မာမီနီကားများကို နိုင်ငံဝန်ထမ်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အစီအစဉ်ရှိသော်လည်း အကောင်အထည်မဖော်ဖြစ်သေးကြောင်း၊ပထမဦးစွာ ၎င်းကားများ၏ ဈေးနှုန်းတန်ဘိုးကိုချပေးပြီးမှသာလျှင် အစီအစဉ်အားပြုလုပ်နိုင်ဖွယ်ရှိကြောင်း နေပြည်တော်ရှိစက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ရောင်းချခဲ့မည်ဆိုပါကလည်း အပြင်လူများအားရောင်းချမည်မ ဟုတ်ပဲ နိုင်ငံဝန်ထမ်းများကိုသာ ပထမဦးစားပေးရောင်းချပေးနိုင်ဖွယ်ရှိပြီး ယခုအချိန်တွင် မြန်မာမီနီကားများ ကိုကျပ်(၇၅)သိန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

Ref: Auto World

Taxi များကို မ.ထ.သ(ဗဟို)မှကြီးကြပ်မည်ဆို ခြင်းမှာ ပြည်သူလူထု သယ်ယူပို့ဆောင်ရေးအ ခန်းကဏ္ဍကို မြင့်တင်ခြင်းသာဖြစ်

မြို့တွင်းပြေးဆွဲနေသော Taxi ယာဉ်များကို မ.ထ.သ(ဗဟို)မှကြီးကြပ်မည်ဆိုခြင်းမှာ ပြည်သူလူထု၏ သယ်ယူပို့ ဆောင်ရေးအခန်းကဏ္ဍကို မြင့်တင်ရန်အတွက်သာဖြစ်ကြောင်း မ.ထ.သ ဥက္ကဌ ဦးလှအောင် ကပြောသည်။ Taxi များအနေဖြင့် မ.ထ.သ မှကြီးကြပ်မည်ဆိုသောကြောင့် မေးခွန်းများထွက်ပေါ်လာပြီး Taxi ယာဉ်မောင်း များကမေးမြန်းမှုများရှိကြောင်း သိရှိရသည်။စည်းကမ်းပိုင်းဆိုင်ရာနှင့် ပြည်သူလူထု၏ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးရန်အတွက်သာဖြစ်ပြီး Taxi ယာဉ်မောင်းများအနေဖြင့် စိတ်ပူပန်စရာမလို ကြောင်း ဦးလှအောင်ကပြောသည်။Taxi ယာဉ်အသုံးပြုသူများနှင့် မောင်းနှင်သော ယာဉ်မောင်းများအား စည်းကမ်း စနစ်တကျရှိစေရန် နှင့် ပြည်သူလူထု သယ်ဆောင်သောစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းလုပ် ဆောင်ရန်သာဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် ခရီးသွား လာမှုဆိုင်ရာစစ်တမ်းကောက်ယူမည်

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ အိမ်ထောင်စု တစ်သောင်းနှစ်ထောင်ကျော်ဆီမှ ခရီးသွား လာမှုဆိုင်ရာနှင့်ပတ်သက်သော စစ်တမ်းများကောက်ယူသွားမည်ဟု JICA လေ့လာရေးအဖွဲ့မှ သိရှိရသည်။

ထိုသို့စစ်တမ်းကောက်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် JICA တို့ပူးပေါင်းစီစဉ်နေသည့် မဟာရန် ကုန်မြို့ပြသယ်ယူပိုဆောင်ရေး စီမံကိန်းကို ဆောင်ရွက်ရန်အတွက် ကောက်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်တမ်းကောက်ယူခြင်းကို ဇွန်လတွင်စတင်ပြီး သြဂုတ်လအထိ ဖြစ်သည်။

Ref: Auto World

လမ်းဘေး ကားပါကင်ဦးသည်များ လိုက်လံ သိမ်းဆည်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာများရှေ့၊ကုမ္ပဏီရုံးခန်းများရှေ့၊လူနေအိမ်များရှေ့ တွင်ကားပါကင်ဦးမှုများအား မပြုလုပ်ရန်ကြေညာပြီး တစ်လပြည့်ပြီးနောက် (၁၇.၅.၁၃)ရက်နေ့တွင် စတင်အကောင်အထည်ဖော် သိမ်းဆည်းနေကြောင်းသိရှိရသည်။

Ref: Auto World

အောင်မင်္ဂလာ အဝေးပြေးကားဝင်းအသစ် သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်တော့မည်

တစ်နေရာစီပြန့်ကျဲနေသော အောင်မင်္ဂလာ အဝေးပြေးကားဝင်းကို တစ်နေရာတည်းမှာ ပြန်လည်စုစည်းကာ အဆင့်မြင့်အဆောက်အအုံများအတွင်းတွင် အဝေးပြေး ကားများ ဆိုက်ရောက်စနစ်သစ်၊ ထွက်ခွာစနစ်သစ် နှစ်ခုကို နိုင်ငံတကာလေဆိပ်များနှင့် မီးရထားဘူတာရုံများတွင် ကျင့်သုံးနေသော စနစ်များအတိုင်း စတင်အ သုံးပြုမည်ဟုသိရှိရသည်။ရန်ကုန်မြို့တော်စည်ပင်က အောင်မင်္ဂလာအဂေးပြေးယာဉ်ရပ်နားစခန်းအတွင်းတွင် ပထမအစီအစဉ်အရ ခောတ်မီအဆင့်မြင့် Arrival Terminal အဆောက်အအုံကို(Myint&Paing)ကုမ္ပဏီလီမိ တက်နှင့်အကျိုးတူပူးပေါင်းဆောက်လုပ်ခဲ့ရာ ယခုအခါတွင် ပြီးစီးမှုရာခိုင်နှုန်းမှာ (၆ဝ)ရာခိုင်နှုန်း အထိပြီး စီး နေပြီဖြစ်သောကြောင့် အဆိုပါကားဝင်းအား သြဂုတ်လအတွင်းဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း စခန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရှိရသည်။

Ref: Auto World

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း နယ်လှည့်ပြီးပြုလုပ်ပေးမည်

ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးမှုကို နယ်တွေမှာလှည့်လည်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။အဆိုပါကိစ္စရပ်အား ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ကုန်လမ်းညွန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်၊ဆိုင်ကယ်များ၏ သက်တမ်းတိုးမှုများကိုနယ်တွေမှာလှည့်လည်ဆောင် ရွက်ပေးသွား မှာဖြစ်ကြောင်းသိရှိ ရသည်။ ဤကဲ့သို့ဆောင်ရွက်ရာတွင် ပြည်နယ်နှင့်တိုင်း(၁၂)ခုကိုအဓိကထားကာ လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းကို သိရှိရသည်။အဆိုပါလိုင်စင်သက်တမ်းတိုးခြင်းကို ဇွန်လထဲတွင် ကွင်းဆင်းဆောင်ရွက်ပေးသွားဖြစ်ပြီး သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်တဲ့စာရွက်စာတမ်းများကို ပြုလုပ်ထားရန်လိုအပ်ကြောင်း သိရှိရသည်။

Ref: Auto World

ယာဉ်ကြောမပိတ်ဆို့ရေးအတွက် အနော်ရထာလမ်းပေါ်ရှိ လမ်း(၃ဝ)မှတ်တိုင် ဖျက်သိမ်း

ဆူးလေမီးပွိုင့်နှင့် ကပ်လျက်ရှိသော အနော်ရထာလမ်းပေါ်ရှိ လမ်း(၃ဝ)မှတ်တိုင်အား ကုန်ဈေးတန်းမှတ်တိုင်သို့ ပြောင်းရွှေ့ထားကြောင်းသိရှိရသည်။လမ်း(၃ဝ) မှတ်တိုင်သည် ဘားလမ်းနှင့်ကုန်ဈေးတန်းမှတ်တိုင်တို့ကြားတွင် တည်ရှိပြီးယခုကဲ့သို့ပြောင်းရွှေ့ရခြင်းမှာယာဉ်ကြောပိတ်ဆို့မှုများလျော့ချရေးအတွက်ဖြစ်ကြောင်း သိရှိရသည်။မှတ်တိုင်မဟုတ်သောနေရာများတွင် ယာဉ်လိုင်းများရပ်နားပါက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအရ ဥပဒေနှင့် အညီအရေးယူမှုများပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

Ref: Auto World

ဘီးခွန်ဆောင်ခြင်းကို ဇွန်လမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးမည်

နှစ်စဉ် ဇန်နဝါရီလမှ မေလအတွင်းဘီးခွန်ဆောင်ရာတွင် လာရောက်ပေးဆောင်သူနည်းပါးသောကြောင့်မေလ ကုန်ပိုင်းတွင်ရှောင်တခင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်တွင်ဇွန်လမှစတင်ကာ လုပ်ဆောင်ပေး သွားမှာဖြစ်ကြောင်း ဒုဦးစီးမှုးဦးသန်းတင်ကပြောသည်။မတ်လကုန်နောက်ပိုင်းတွင် ပေးဆောင်ပါက ဒဏ်ကြေး ပေးဆောင်ရမည်ဆိုသော်လည်း အသစ်တင်သွင်းလာသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် များအား က.ည.န တွင်မှတ်ပုံတင်ပြီး နှစ်လအတွင်း လာရောက်ဘီးခွန်ဆောင်ပါက ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ပေး ထားကြောင်းသိရှိရသည်။

Ref: Auto World

Author

Comments