Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • အ အက္ခရာယာဉ် အပ်နှံမှုနှုန်းလျော့ကျ
  • မန္တလေးတွင် ယာဉ်အစီးရေ သုံးရာကျော် CNG ထုတ်ယူခွင့် ယာယီရပ်ဆိုင်း
  • တစ်ဦးချင်းကားပါမစ် တစ်ရက်ပျမ်းမျှ ထုတ်ယူသူ နှစ်ဆခန့်တိုး
  • ယာဉ်လိုင်စင်သက်တမ်းတိုးလုပ်ငန်း မြို့နယ် တိုးမြင့်ဆောင်ရွက်မည်
  • မော်တော်ယာဉ်များကို CNG ပုံမှန်အတိုင်း ဆက်ပေးမည်
  • ရာသက်ပန် အဌားယာဉ်နံပါတ်ထုတ်ယူမှု ယခင်ကထက် ပိုမိုမြန်ဆန်
  • ယာဉ်မရပ်ရနေရာများ သတ်မှတ်၍ အရေးယူမှုများ ပြုလုပ်နေသော်လည်း မထိရောက်သေး
  • ငြိမ်းချမ်းရေးပါမစ်ထက်ဝက်ခန့်ကို ရောင်းစားနေသည်ဟုဆို
  • ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လတာကာလအတွင်း မော်တော်ယာဉ်အစီးရေ ၁၃ဝဝဝ ကျော် ပါမစ်ထုတ်ပေးခဲ့--more-

news_this_week

အ အက္ခရာယာဉ် အပ်နှံမှုနှုန်းလျော့ကျ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ယာဉ်ဟောင်းအစားထိုးယာဉ်သစ်တင်သွင်းခွင့် မူဝါဒအရ အပ်နှံခွင့်ပြုထားသည့် အ အက္ခရာအပ်နှံမှုများ တဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ အ အက္ခရာယာဉ်များကို အောက်တိုဘာ ၂၉ နေ့မှစ၍ အပ်နှံခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သတင်းသုံးပတ်အတွင်း အစီးရေ သုံးထောင်ခန့်လာရောက်အပ်နှံခွင့်ပြုထားသော်လည်း နောက်ပိုင်းတွင် အပ်နှံမှုကျဆင်းလျက်ရှိကြောင်းသိရှိရသည်။

Ref: The Voice Daily

မန္တလေးတွင် ယာဉ်အစီးရေ သုံးရာကျော် CNG ထုတ်ယူခွင့် ယာယီရပ်ဆိုင်း

မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဓါတ်ငွေ့သုံး CNG ယာဉ် ၆၉၄ စီးရှိရာမှ စာရွက်စာတမ်းမပြနိုင်သည့် စီးရေ ၃ဝဝ ကျော်ကို နိုဝင်ဘာ ၃ဝ ရက်နေ့မှ စတင်ကာ CNG ထုတ်ယူခွင့်ယာယီ ရပ်ဆိုင်းထားကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(မန္တလေး)မှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည်။ အဆိုပါ CNG ထုတ်ယူခွင့်ယာယီ ရပ်ဆိုင်းထားသည်ယာဉ်များကို စာရွက်စာတမ်းပြည့်စုံအောင်ပြုလုပ်ပြီးပါက သက်ဆိုင်ရာဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် CNG ပြန်လည်ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ မန္တလေးမြို့တော်တွင် တရားဝင်စာရင်းပေါက်နေသော ဓါတ်ငွေ့ယာဉ်စီးရေ ၃ဝဝ ကျော်ကို ထုတ်ယူခွင့်ပြုထားကာ ရန်ကုန်အမည်ပေါက်နှင့် ၇၁ စီး။ ချောက်မြို့အမည်ပေါက် နှစ်စီး စုစုပေါင်း ၇၃ စီးကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားသည့်ကာလအတွင်း ယာယီဓါတ်ငွေ့ထုတ်ယူခွင့်ပြုထားပြီး ဝန်ကြီးဌာနက ထုတ်ယူခွင့်ပြုပါက တရားဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါစခန်းတာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။

Ref: The Voice Daily

တစ်ဦးချင်းကားပါမစ် တစ်ရက်ပျမ်းမျှ ထုတ်ယူသူ နှစ်ဆခန့်တိုး

ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တစ်ဦးချင်း ကားပါမစ်ထုတ်ပေးရေးဌာနထံမှ တစ်ရက်လျှင် ပြည်ပမှ မှာယူတင်သွင်းသော မော်တော်ယာဉ်ပါမစ် တစ်ရက်ပျမ်းမျ ထုတ်ယူမှုသည် ယခင်လကထက် နှစ်ဆနီးပါးတိုးလာကြောင်း အဆိုပါဌာနမှ သိရှိရသည်။ အဆိုပါ မော်တော်ယာဉ်ပါမစ်ဌာနက ကိုယ်တိုင်လာရောက်ထုတ်ယူသူများကိုသာ ပါမစ်ထုတ်ပေးခြင်းဖြစ်ပြီး ကိုယ်တိုင်မထုတ်ယူနိုင်သူများမှာ နေပြည်တော်တွင် သွားရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

ယာဉ်လိုင်စင်သက်တမ်းတိုးလုပ်ငန်း မြို့နယ် တိုးမြင့်ဆောင်ရွက်မည်

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန(က ည န) နေပြည်တော်မှ တိုင်းနှင့်ပြည်နယ်အလိုက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို လိုင်စင်သက်တမ်းတိုးရာတွင် လာရောက်တိုးနိုင်ခြင်းမရှိသူ ယာဉ်ပိုင်ရှင်များအတွက် ယာဉ်သက်တမ်းတိုးပေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလအတွင်း မြို့နယ်တိုးမြင့်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။ လိုင်စင်သက်တမ်းများ လိုက်လံတိုးပေးရခြင်းသည် ရုံးခွဲမရှိသည့် မြို့နယ်များကို လိုက်လံတိုးပေးရခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း မြို့နယ်အနည်းငယ် ပိုမို လိုင်စင်တိုးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

မော်တော်ယာဉ်များကို CNG ပုံမှန်အတိုင်း ဆက်ပေးမည်

ရန်ကုန်တိုငေ်းဒသကြီးရှိ CNG သုံးယာဉ်များကို CNG ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခြင်းမပြုဘဲ တစ်ရက်လျှင် ပျမ်းမျှ ကုဗပေ ၁၈ သန်းခန့်ကို မူလအတိုင်း ပုံမှန်ပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် စာရွက်စာတမ်းမပြနိုင်သည့် ယာဉ်စီးရေ ၃ဝဝကျော်ကို CNG ထုတ်ယူခွင့် ယာယီရပ်ဆိုင်းကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(မန္တလေး)မှ တရားဝင်ထုတ်ပြန်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် စာရွက်စာတမ်းမပြနိုင်သည့် မော်တော်ယာဉ်မရှိကြောင်း သိရှိရသည်။

Ref: The Voice Daily

ရာသက်ပန် အဌားယာဉ်နံပါတ်ထုတ်ယူမှု ယခင်ကထက် ပိုမိုမြန်ဆန်

မြန်မာနိုင်ငံတွင် ရာသက်ပန်အဌားယာဉ် နံပါတ်ထုတ်ယူမှုမှာ ယခင်ကထက်ပိုမိုမြန်ဆန်လာနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန ကနဦးယာဉ်မှတ်ပုံတင်ထုတ်ပေးရေးဦးစီးဌာနမှ သိရှိရသည်။ AA အက္ခရာများကို ၂ဝ၁၂ ခုနှစ် ဇူလိုင်လတွင် မှ စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းနံပါတ်များအားလုံးထုတ်ယူမှုပြီးစီးရန် ခြောက်လကြာမြင့်ခဲ့ကာ BB ထုတ်ယူမှုမှာ လေးလအတွင်း ကုန်ဆုံးခဲ့ကြောင်း၊ CC ထုတ်ယူမှုမှာမူ ငါးလသာကြာမြင့်ခဲ့ကာ နံပါတ်ထုတ်ယူမှုများ တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

Ref: The Voice Daily

ယာဉ်မရပ်ရနေရာများ သတ်မှတ်၍ အရေးယူမှုများ ပြုလုပ်နေသော်လည်း မထိရောက်သေး

ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့၏ လမ်းမကြီးအချို့ကို ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်၍ ရပ်နားသည့်ယာဉ်များကို ဒဏ်ကြေးငွေအဖြစ်လည်းကောင်း၊ ယာဉ်ဆွဲကားများဖြင့်ဆွဲကာ အရေးယူမှုပြုလုပ်ခဲ့သော်လည်း ယာဉ်မရပ်နားရနေရာများတွင် မော်တော်ယာဉ်အချို့မှာ ရပ်နားမှုပုလုပ်နေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုမှာ သိသိသာသာ လျော့ချသွားခြင်းမရှိသည့်အတွက် မထိရောက်သေးကြောင်း သိ်ရှိရသည်။ ယာဉ်မရပ်နားရနေရာများတွင် ရပ်နားသည့်ယာဉ်များကို နိုဝင်ဘာ ၁၁ မှစ၍ အရေးယူဆောင်ရွက်ခဲ့ရာ ၂ ပတ်အတွင်း ယာဉ်အစီးရေ ၂ဝဝ ကျော် ၃ဝဝ နီးပါးမျှ ဖမ်းဆီးအရေးယူခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

Ref: Auto World

ငြိမ်းချမ်းရေးပါမစ်ထက်ဝက်ခန့်ကို ရောင်းစားနေသည်ဟုဆို

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးနောက် ငြိမ်းချမ်းရေးပါမစ်များ ချပေးခြင်းမှာ ရောင်းစားရန်အတွက် မဟုတ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ငြိမ်းချမ်းရေးပါမစ်များ ပေါ်ထွက်လာပြီးနောက်တွင် K9၊ K7 ကဲ့သို့ က ည န မှ အသိအမှတ်မပြုသည့်နံပါတ်များ ပေါ်ထွက်လာသလို ထိုပါမစ်များကို အသုံးချပြီး မှတ်ပုံတင်လိုင်စင်အတုများ ပြုလုပ်ကာ ဈေးကွက်အတွင်း လိမ်လည်ရောင်းချမှုများပေါ်ပေါက်နေကြောင်းတွေ့ရှိရသည်ဟု သတင်းရရှိသည်။

Ref: Auto Mobile

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လတာကာလအတွင်း မော်တော်ယာဉ်အစီးရေ ၁၃ဝဝဝ ကျော် ပါမစ်ထုတ်ပေးခဲ့

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လတာကာလအတွင်း မော်တော်ယာဉ်အစီးရေ ၁၃ဝဝဝ ကျော်ကို ပါမစ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း စီးပွား/ ကူးသန်းဝန်ကြီးဌာနမှ သိရသည်။ စီးပွား/ ကူးသန်းဝန်ကြီးဌာနအနေဖြင့် လူစီးမော်တော်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ပါမစ်များထုတ်ပေးခဲ့ရာတွင် ၂၁ဝ၃ ဧပြီလမှ နိုဝင်ဘာ လအထိ စုစုပေါင်း ၁၃၆၆၁ စီးဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

Author