Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ဘတ်စ်ကားများ ရပ်၊ တင်၊ ထွက် စနစ်မအောင်မြင်ဟု မထသ(ဗဟို) ဥက္ကဌ ဝန်ခံ
  • ခရီးသည်တင်ယာဉ် အပ်နှံပြီး မီနီဘတ်စ်တင်သွင်းရာတွင် ၁၆ဦးနှင့်အထက် ကားများကိုသာ တင်သွင်းခွင့်ပြုမည်
  • ယာဉ်ရောင်းဝယ်ရေးစခန်းအတွက် နေရာသုံးနေရာကို တိုင်းဒေသကြီးလွတ်တော်မှ အတည်ပြုသတ်မှတ်
  • စည်ကမ်းမဲ့ယာဉ်ရပ်တန့်မှု ထောင်ဒဏ် တစ်နှစ်၊ သို့မဟုတ် ဒဏ်ငွေကျပ် ငါးသိန်းအထိ ဒဏ်ရိုက်မည်
  • C I F ဈေးနှုန်းများ လက်တွေ့ကျကျ ထုတ်ပေးနိုင်ရန် လိုအပ်ဟုဆို
  • မော်ဒယ်လ်မြင့်ကားများ တင်သွင်းခြင်းဖြင့် နိုင်ငံပုံရိပ်မြင့်တက်လာနိုင်
  • ယာဉ်မရပ်ရနေရာ အရေးယူမှု ဘီးချုပ်များစတင်အသုံးပြု
  • DD အဌားယာဉ်နံပါတ်များ ယခုလအတွင်း ထုတ်ပေးမည်
  • မသေချာသည့် ကားဟောင်းအပ်နှံမှု မူဝါဒကြောင့် အပ်ကားစုဆောင်းသူများနည်းပါး--more-

news_this_week

ဘတ်စ်ကားများ ရပ်၊ တင်၊ ထွက် စနစ်မအောင်မြင်ဟု မထသ(ဗဟို) ဥက္ကဌ ဝန်ခံ

ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုများပြားလာသော ရန်ကုန်မြို့တော်တွင် မ ထ သ(ဗဟို) လက်အောက်ရှိ ယာဉ်လိုင်းများကို ရပ်၊တင်၊ထွက် စနစ်ကို ကျင့်သုံးရန်အတွက် စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း မ ထ သ ဥက္ကဌ ဦးလှအောင် ကပြောကြားသည်။ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်၏ နေရာအများစုမှာ အရောင်းစင်တာများ၊ ကျောင်းများ၊ ဟိုတယ်များရှိရာနေရာများတွင် အဖြစ်များကြောင်း၊ ယင်းအပြင် ကားမှတ်တိုင်များတွင် ခရီးသည်တင်ကားများ အချိန်ကြာမြင့်စွာရပ်ခြင်း၊ နှစ်ထပ်ရပ်ခြင်းတို့ကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုအဖြစ်များကြောင်း သိရှိရသည်။

Ref: The Voice Daily

ခရီးသည်တင်ယာဉ် အပ်နှံပြီး မီနီဘတ်စ်တင်သွင်းရာတွင် ၁၆ဦးနှင့်အထက် ကားများကိုသာ တင်သွင်းခွင့်ပြုမည်

ယာဉ်အိုယာဉ်ဟောင်းစီမံချက်အရ ခရီးသည်တင်ယာဉ်လိုင်းများတွင် ပြေးဆွဲနေသော ဟိုင်းလပ်၊ ပစ်ကပ်နှင့် လိုက်ထရပ်များ ဖျက်သိမ်းအပ်နှံပြီး အစားထိုးတင်သွင်းရာတွင် ၁၆ ဦးနှင့်အထက် ကားများကိုသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း က ည န မှ သိရှိရသည်။ က ည နအနေဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံခွင့်ပြုသည့် အချိန်မှစ၍ နိုဝင်ဘာ ၁၂ ရက်အထိ ခရီးသည်တင်ယာဉ် ၂၄၅ဝ စီး အပ်နှံခွင့်ပြုခဲ့ပြီး ၁၉၆၇ စီးကို ကနဦးမှတ်ပုံတင် ပြန်လည်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Ref: Auto Mobile

ယာဉ်ရောင်းဝယ်ရေးစခန်းအတွက် နေရာသုံးနေရာကို တိုင်းဒေသကြီးလွတ်တော်မှ အတည်ပြုသတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးလွတ်တော်မှ ယာဉ်ရောင်းဝယ်ရေးစခန်းအသစ်အတွက် နေရာ သုံးနေရာကို အတည်ပြုသတ်မှတ်ပေးခဲ့ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှ သိရှိရသည်။ မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွေ့ပြီးသောအခါ ယာဉ်ရောင်းဝယ်ရေးစခန်းအသစ်ပေါ်ထွက်လာစေရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကောက်မတီ ဥက္ကဌမှ ထောက်ကြန့်မြို့နယ်ရှိ နွယ်ခွေနှင့် တောင်ဒဂုံမြို့နယ်ရှိ ရွာသာကြီးမှ နေရာလွတ်များတွင် သင့်တော်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွတ်တော်တွင် တင်ပြခဲ့သည်။

Ref: Auto Mobile

စည်ကမ်းမဲ့ယာဉ်ရပ်တန့်မှု ထောင်ဒဏ် တစ်နှစ်၊ သို့မဟုတ် ဒဏ်ငွေကျပ် ငါးသိန်းအထိ ဒဏ်ရိုက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရ နယ်မြေများအားအသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်းဧရိယာများတွင် စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကို ထောင်ဒဏ်တစ်နှစ်၊ သို့မဟုတ် ဒဏ်ငွေ ကျပ် ငါးသိန်းအထိ ဒဏ်ရိုက်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရှိရသည်။ ယခုနှစ် နိုဝင်ဘာ ၁၁ မှ စတင်၍ အဓိက လမ်းမကြီး ၃၇ နေရာတွင် စည်းကမ်းမဲ့ အချိန်ကြာမြင့်စွာ ယာဉ်ရပ်တန့်ပါက မော်တော်ယာဉ်ဆွဲကားများဖြင့် နီးစပ်ရာ ယာဉ်ရပ်တန့်ရာနေရာသို့ ဆွဲယူမည်ဖြစ်ပြီး အဆိုပါယာဉ်အား စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

Ref: Auto Mobile

C I F ဈေးနှုန်းများ လက်တွေ့ကျကျ ထုတ်ပေးနိုင်ရန် လိုအပ်ဟုဆို

၂ဝ၁၄ ခှနှစ်တွင် ယာဉ်ဟောင်းအပ်၍ အသစ်တင်သွင်းကာ စလစ်ကပ်ရသော ကားများမှာ ၂ဝ၁ဝ မော်ဒယ်လိနှင့်အထက်သာတင်သွင်းခွင့်ပြုမည်ဆိုပါက C I F ဈေးနှုန်းများမှာ လက်တွေ့ကျကျနှင့်အနီးစပ်ဆုံး ထုတ်ပေးနိုင်ရန်လိုကြောင်း ကားShowroom ပိုင်ရှင်တစ်ဦးက ပြောသည်။ C I F ဈေးနှုန်းကျဆင်းပါက တိုင်းပြည်အတွင်းဆီစားသက်သာသောကားများ ဝင်ရောက်လာနိုင်ကြောင်း ၎င်းကပြောကြားသည်။

Ref: Auto World

မော်ဒယ်လ်မြင့်ကားများ တင်သွင်းခြင်းဖြင့် နိုင်ငံပုံရိပ်မြင့်တက်လာနိုင်

ကားဟောင်းအပ်၍ စလစ်ကပ်ကာ ကားအသစ်တင်သွင်းခြင်းတွင် ၂ဝဝဝ မော်ဒယ်လ်များနှင့်အထက်ကားများ ၂ဝ၁၄ တွင်တင်သွင်းခွင့်ရမည်ဆိုခြင်းမှာ ကောင်းမွန်သည့်အနေအထားပင်ဖြစ်ကြောင်းသိရှိရသည်။ ယခုကဲ့သို့ မော်ဒယ်လ်ခုန်တက်၍ တင်သွင်းခွင့်ပြုမည်ဆိုပါက ကောင်းမွန်အဆင်ပြေနိုင်ပြီး ပြောင်းလဲသင့်သည့် အချက်ဖြစ်ကြောင့် အများစုကထောက်ပြကြသည်။ သို့သော် ၂ဝဝဝ ခုနှစ်နှင့် အထက် မော်ဒယ်လ် 4 ဝှီးကားများအတွက် သုံးစွဲရသော ဆီကိစ္စများရှိလာနိုင်ကာ ထိရောက်မှုရှိမရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်းသိရှိရသည်။

Ref: Auto World

ယာဉ်မရပ်ရနေရာ အရေးယူမှု ဘီးချုပ်များစတင်အသုံးပြု

ယာဉ်မရပ်ရနေရာအဖြစ် ရန်ကုန်မြို့တွင်း၌ ၃၇ နေရာ သတ်မှတ်ပြီးနောက်တွင် အရေးယူမှုလုပ်ဆောင်ရာ၌ နိုဝင်ဘာ ၁၅ နေ့မှစ၍ ဘီးချုပ်များစတင်အသုံးပြုနေပြီဖြစ်ကြောင်းသိရှိရသည်။ ဘီးချုပ်နှစ်မျိုးကို ယာဉ်ထိန်းရဲတပ်ဖွဲက စတင်အသုံးပြုနေပြီး ပိုင်ရှင်ရှိမနေပဲ ရပ်တန့်ထားသော ကားများကို ဘီးချုပ်ဖြင့် ချုပ်ထားခြင်းဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးကရှင်းပြသည်။

Ref: Auto World

DD အဌားယာဉ်နံပါတ်များ ယခုလအတွင်း ထုတ်ပေးမည်

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန ဗဟိုယာဉ်မှတ်ပုံတင်ဌာနက ရာသက်ပန်အဌားယာဉ်နံပါတ်များကို ထုတ်ပေးလျက်ရှိရာ CC အက္ခရာများ ပြီးဆုံးတော့မည်ဖြစ်သောကြောင့် DD အက္ခရာများကို နိုဝင်ဘာနောက်ဆုံးပတ်အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည်။ CC အက္ခရာများကို နိုဝင်ဘာ ၁၉ နေ့ထိ အရေအတွက် ၉၆၆ဝ ထုတ်ပေးပြီးဖြစ်ပြီး တစ်ရက်လျှင် ၆ဝ ဝန်းကျင်ခန့် လာရောက်ထုတ်ယူကြောင်း သိရှိရသည်။

Ref: The Voice Daily

မသေချာသည့် ကားဟောင်းအပ်နှံမှု မူဝါဒကြောင့် အပ်ကားစုဆောင်းသူများနည်းပါး

မသေချာသည့် ကားဟောင်းအပ်နှံမှု မူဝါဒကြောင့် အပ်ကားစုဆောင်းသူများ နည်းပါးသွားခဲ့ကြောင်း ကားဝယ်ရောင်းများမှ တစ်ဆင့် သိရှိရသည်။ လာမည့် ၂ဝ၁၄ ခုနှစ်မှစ၍ ဖွံဖြိုးဆဲနိုင်ငံများနည်းတူ မော်တော်ယာဉ်သက်တမ်းကို သတ်မှတ်ပြီး ကားဟောင်းအပ်နှံခွင့်ပြုမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ကားဟောင်းစလစ်ဈေးကွက်မှာ လှုပ်ခတ်သွားခဲ့သည်။ ဝန်ကြီးဌာနမှ ကားဟောင်းအပ်နှံမှုမူဝါဒ အတိအကျ မထုတ်ပြန်သေး၍ အပ်ကားစုဆောင်းသူများ နည်းပါးသွားခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

Ref: Auto Mobile

Author