သတင်းထူးများမှာတော့:
- CNG ယာဉ်များသက်တမ်းတိုးရန် အဆင်ဖြေလျှော့ခြင်း
- Taxi တွေအတွက် အထူးနှုန်းနဲ့ အလိုင်းမင်းချိန်ပေးမယ်ဆိုတဲ့ ကားဝပ်ရှော့
- သအက္ခရာယာဉ်များ မကြာမီလက်ခံတော့မည်
- အောင်မင်္ဂလာ နှင့် ဒဂုံဧရာ အဝေးပြေးကားဝင်း နိုင်ငံတကာ အဆင့်မြှင့်တင်ရေး JICA ကူမည်
CNG ယာဉ်များသက်တမ်းတိုးရန် အဆင်ဖြေလျှော့ခြင်း
သဘာဝဓာတ်ငွေ့သုံးယာဉ်(CNG)များသက်တမ်းတိုးရာတွင် စွမ်းအင်ဝန်ကြီးဌာနမြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဌာနက စစ်ဆေးမှုနှစ်ခုကင်းလွတ်ပေးပြီး ဖြေလျှော့ခဲ့ကြောင်း ယင်းဝန်ကြီးဌာနက မေ(၅)ရက်နေ့က ကြေညာသည်။ CNG မော်တော်ယာဉ်များသက်တမ်းတိုးရာတွင် ရဲမှုရင်မဆိုင်ကတ် တင်ပြရန် မလိုအပ်တော့ကြောင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းနှင့် ယာဉ်ဟောင်းအစားထိုးခွင်ပြုယာဉ်သစ်များ တင်သွင်းရာတွင်လည်း ကြီးကြပ်ရေးအင်ဂျင်နီယာက CNG သုံးစွဲခွင့်ကတ်နှင့် CNG စာအုပ်ကို စစ်ဆေးတော့မည်မဟုတ်ကြောင်း အဆိုပါကြေညာချက်အရ သိရသည်။ Ref: The Voice Weekly
Taxi တွေအတွက် အထူးနှုန်းနဲ့ အလိုင်းမင်းချိန်ပေးမယ်ဆိုတဲ့ ကားဝပ်ရှော့
မကြာသေးခင်က အသစ်ဖွင့်လှစ်လိုက်တဲ့ ဝပ်ရှော့လေးဖြစ်ပါတယ်။ လိပ်စာကတော့ UP Auto service အမှတ်(၁၆၂/ဘီ)၊ဓမ္မစေတီလမ်း၊အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ဖုန်း ဝ၁-၅ဝ၅ဝ၅၆၊ဝ၉-၇၃ဝ၁၄၄၆၂ တို့သို့ ဆက်သွယ်သွားရောက်နိုင်ပါတယ်။
သအက္ခရာယာဉ်များ မကြာမီလက်ခံတော့မည်
'လ'အက္ခရာယာဉ်အိုဟောင်းအပ်နှံပြီးစီးမှု ၆ဝရာခိုင်နှုန်းခန်ရောက်ရှိနေသောကြောင့် 'သ'အက္ခရာယာဉ်အစီးရေများကို တွက်ချက်ပြီး မကြာမီအပ်နှံခွင့်ပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း က.ည.နမှ ညွန်ကြားရေးမှူးဦးသောင်းလွင်က ပြောကြားသည်။ Ref: The Voice Daily
အောင်မင်္ဂလာ နှင့် ဒဂုံဧရာ အဝေးပြေးကားဝင်း နိုင်ငံတကာ အဆင့်မြှင့်တင်ရေး JICA ကူမည်
ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတို့အား နိုင်ငံတကာ အဆင့်မှီ ယာဉ်ရပ်နားစခန်း အဖြစ်အဆင့်မြှင့်တင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင် နှင့် JICA လမ်းပန်းပို့ဆောင်ရေးဌာန မှ ကိုမင်းမင်းက ပြောသည်။
ထိုအစီအစဉ်ကို JICA အနေဖြင့် ၂ဝ၁၂ ခုနှစ် ဇွန်လမှ စတင်၍ ရန်ကုန်မြို့တော်စည်ပင်နှင့် ညှိနှိုင်းကာ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းအား နိုင်ငံတကာ အဆင့်မြှင့်တင်နိုင်ရေးအတွက် အကြိုလေ့လာမှုများ ပြုလုပ်၍ ဒီဇိုင်းများ ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယခုနှစ်မှသာ ဂျပန်နိုင်ငံမှ ပညာရှင်များဖြင့် လေ့လာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအဝေးပြေးယာဉ်ရပ်နားစခန်း နှစ်ခုလုံးအား ယခုနှစ်ကုန်မတိုင်မီ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။ Ref: Popular Myanmar News Journal
Photo Credits to NGVs Now