Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • အပ်နှံရန်မျှော်လင့်နေသည့် အ အက္ခရာကားများ အောက်တိုဘာလအတွင်း က.ည.န သက်တမ်း နှစ်၂ဝ ပြည့်မည်
  • Taxi စလစ်များ ဈေးနှုန်းမြင့်တက်နေသောကြာင့် က တန်းများ အဝယ်လိုက်
  • ပုံစံ ဃ တွင် ပြင်ဆင်ရေးသားပြီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားပါက ဆောင်ရွက်ပေးမည်မဟုတ်
  • ရန်ကုန်မြို့လည်ကောင် ယာဉ်ရပ်နားမှုအား စင်ကာပူနိုင်ငံစံနှုန်းဖြင့် တိုင်းတာပါက ၂ဝ ရာခိုင်နှုန်းခန့်များပြား
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အို၊ယာဉ်ဟောင်း ၅၆၄၈၈ စီး အပ်နှံပြီး
  • ဈေးမာမာဖြင့်သာ အရောင်းအဝယ်လုပ်နေတဲ့ မင်းရဲကျော်စွာကားဝင်း
  • ၁၂ ဘီး ကုန်တင်ထရပ်ကားများ နယ်ဘက်မှ ဝယ်လိုအားရှိပြီး ဈေးနှုန်းကျနေဟုဆို
  • ဟွန်ဒိုင်း မော်တော်ယာဉ် အရောင်းပြခန်းဖွင့်မည်
  • မှတ်ပုံတင်ထားခြင်းမရှိသောယာဉ်များ အများပြည်သူဆိုင်ရာ နေရာ၌ မောင်းနှင်ပါက ဒဏ်ငွေငါးသောင်း ပေးဆောင်ရမည်--more-

news_this_week

အပ်နှံရန်မျှော်လင့်နေသည့် အ အက္ခရာကားများ အောက်တိုဘာလအတွင်း က.ည.န သက်တမ်း နှစ်၂ဝ ပြည့်မည်

အပ်နှံရန်မျှော်လင့်နေသည့် အ အက္ခရာကားများမှာ အောက်တိုဘာလအတွင်း က.ည.န သက်တမ်း နှစ်၂ဝ ပြည့်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ ဇွန်လ ၂၅ ရက်မှစ၍ အပ်နှံခွင့်ပြုခဲ့သည့် သ အက္ခရာကားများ၏ အပ်နှံမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၆ဝ ရာခိုင်နှုန်း ပြည့်မီရန် နီးစပ်နေသော်လည်း အ အက္ခရာ ကားများမှာ က.ည.န သက်တမ်း နှစ် ၂ဝ ပြည့်ရန် လိုအပ်နေသေး၍ ယခုလအတွင်း အပ်နှံခွင့်ပြုရန် အစီအစဉ်မရှိသေးကြောင်း က.ည.န မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

Ref: Auto Mobile

Taxi စလစ်များ ဈေးနှုန်းမြင့်တက်နေသောကြာင့် က တန်းများ အဝယ်လိုက်

ဈေးကွက်အတွင်း၌ Taxi စလစ်များ ဈေးနှုန်းမြင့်တက်နေသောကြောင့် က တန်း ကားများ အဝယ်လိုက်နေကြောင်း ကားဝယ်/ရောင်းထံမှ သိရှိရသည်။ ယာဉ်အို၊ယာဉ်ဟောင်း စလစ်ဈေးများ မြင့်တက်နေခြင်းနှင့် မကြာခင်ပြောင်းလဲမည့် ပေါ်လစီအပေါ် မူတည်၍ စလစ်ဝယ်/ရောင်းသမားများသည် ယာဉ်အိုယာဉ်ဟောင်းစလစ်ထက် တက္ကစီစလစ်များကို အရောင်းအဝယ်ပြုလုပ်နေသောကြောင့် က တန်း ကားများမှာ အဝယ်လိုက်နေကြောင်း သိရှိရသည်။

Ref: Auto Mobile

ပုံစံ ဃ တွင် ပြင်ဆင်ရေးသားပြီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားပါက ဆောင်ရွက်ပေးမည်မဟုတ်

ပိုင်ရှင်ဆန္ဒအရ သက်တမ်းကြာမြင့်ယာဉ်များအား မှတ်ပုံတင်ဖျက်သိမ်း၍ အစားထိုးယာဉ်တင်သွင်းလျှောက်ထားရာတွင် က.ည.န မှ ထုတ်ပေးသည့် ပုံစံ ဃ အား ပြင်ဆင်ရေးသားပြီး မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားပါက ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သိရှိရသည်။ ယင်း ပုံစံ ဃ အား အခက်အခဲမရှိ စီစစ်နိုင်ရေးအတွက် ပုံစံ ဃ ပေါ်တွင် တရားဝင်မဟုတ်ဘဲ ပြင်ဆင်ရေးသားခြင်း၊ အခြားအကြောင်းများရေးသားခြင်း၊ မှတ်သားခြင်း၊ တံဆိပ်တုံးများရိုက်နိုပ်ခြင်း မပြုလုပ်ရန် က.ည.န မှ သတိပေးထားကြောင်း သိရှိရသည်။

Ref: Auto Mobile

ရန်ကုန်မြို့လည်ကောင် ယာဉ်ရပ်နားမှုအား စင်ကာပူနိုင်ငံစံနှုန်းဖြင့် တိုင်းတာပါက ၂ဝ ရာခိုင်နှုန်းခန့်များပြား

ရန်ကုန်မြို့လည်ကောင်၌ ယာဉ်ရပ်နားမှုအား စင်ကာပူနိုင်ငံ၌ သတ်မှတ်ထားသော စံနှုန်းဖြင့်တိုင်းတာပါက ၂ဝ ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်း သတင်းရရှိသည်။ ယင်းကဲ့သို့များပြားနေခြင်းကြောင့် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာ၌ ကားပါကင်ပြုလုပ်ရန် သတ်မှတ်ထားချက်မှာ စင်ကာပူနိုင်ငံ၏ အများဆုံးထားရှိရမည့် စံနှုန်း၏ ၂ဝ ရာခိုင်နှုန်း အပိုထပ်ဆောင်း ထားရှိရကြောင်း အထပ်မြင့်အဆောက်အအုံ စီစစ်ရေးကော်မတီ မှ သိရှိရသည်။

Ref: Auto Mobile

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အို၊ယာဉ်ဟောင်း ၅၆၄၈၈ စီး အပ်နှံပြီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးမှ အက္ခရာစုံ ယာဉ်အို၊ယာဉ်ဟောင်း ၅၆၄၈၈ စီး အပ်နှံခဲ့ပြီးဖြစ်ကြောင်း မြင်သာ က.ည.န ရုံးမှ သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး က.ည.န အနေဖြင့် က.ည.န သက်တမ်း နှစ်လေးဆယ်၊ နှစ်သုံးဆယ်၊ နှစ် နှစ်ဆယ် ကျော် ယာဉ်များ၊ လေလံယာဉ်များနှင့် အဌားယာဉ်တင်သွင်းရန်အတွက် အစားထိုးယာဉ်များကို အပ်နှံခွင့်ပြုခဲ့ရာ ၂ဝဝ၁ စက်တင်ဘာ ၁၉ ရက်မှ ၂ဝ၁၃ သြဂုတ် ၁၃ ရက်အထိ အစီးရေ ငါးသောင်းခြောက်ထောင်ကျော် အပ်နှံမှုပြုခဲ့ကြောင်း သိရှိရသည်။

Ref: Auto Mobile

ဈေးမာမာဖြင့်သာ အရောင်းအဝယ်လုပ်နေတဲ့ မင်းရဲကျော်စွာကားဝင်း

မင်းရဲကျော်စွာကားဝင်းအတွင်းရှိ ကားဝယ်ရောင်းများ၊ ကားပွဲစားများမှာ ကားဈေးအားလျှော့၍ မရောင်းဘဲ ဈေးမာမာဖြင့်သာ ဝယ်ရောင်းပြုလုပ်နေကြကြောင်း ၎င်းဝင်းအတွင်းရှိ ကားဝယ်ရောင်းတစ်ဦးမှပြောပြသည်။ နောက်ထပ်ဝင်ရောက်လာမည့်ကားများမှာ လက်ရှိရောက်ရှိနေသည့် ကားများထက် ဈေးပိုပေးရသဖြင့် အခွန်နှင့်တွက်ပါက ဈေးပိုမြင့်နိုင်သောကြောင့် ယခုအချိန်တွင် ကားဈေးကို မာမာ ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရှိရသည်။

Ref: Auto World

၁၂ ဘီး ကုန်တင်ထရပ်ကားများ နယ်ဘက်မှ ဝယ်လိုအားရှိပြီး ဈေးနှုန်းကျနေဟုဆို

၁၂ ဘီး Truck ကားကို နယ်မှ ဝယ်လိုအားများပြီး ၁၈ ဘီး နှင့် ၂၂ ဘီး ကို ရန်ကုန်မြို့တွင် အသုံးပြုရန် ဝယ်ယူမှုများကြောင်း သိရသည်။ ယခုတလောအချိန်တွင် မိုးတွင်းရာသီကာလနှင့် ဝယ်လိုအားနည်းပါးမှုကြောင့် ကုန်တင် Truck ကားများ ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း သိရသည်။ ကားအပေါ်မူတည်၍ တစ်စီးလျှင် ၁၅ သိန်းနှင့် သိန်း ၂ဝ ကြား ဈေးနှုန်းကျဆင်းသွားကြောင်း Truck ကားများရောင်းချသော ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

Ref: Auto World

ဟွန်ဒိုင်း မော်တော်ယာဉ် အရောင်းပြခန်းဖွင့်မည်

ကိုရီးယားနိုင်ငံထုတ် ဟွန်ဒို်င်းမော်တော်ယာဉ် အရောင်းပြခန်း ရန်ကုန်မြို့တော်တွင် ယခုလ ၃၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟွန်ဒိုင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။ ဟွန်ဒိုင်းနှင့် မြန်မာနိုင်ငံမှ Fortune International တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ ယခုဖွင့်လှစ်မည့် မော်တော်ယာဉ်အရာင်းပြခန်းတွင် ဟွန်ဒိုင်းကုမ္ပဏီထုတ် Sallon၊ Wagon နှင့် တစ်တန်ထရပ်ကားများကို အဓိက ပြသရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

မှတ်ပုံတင်ထားခြင်းမရှိသောယာဉ်များ အများပြည်သူဆိုင်ရာ နေရာ၌ မောင်းနှင်ပါက ဒဏ်ငွေငါးသောင်း ပေးဆောင်ရမည်

ပြည်တွင်းသို့ မော်တော်ယာဉ်အသစ်များစွာ ဝင်ရောက်လျက်ရှိရာ တချို့ယာဉ်များမှာ မှတ်ပုံတင်ထားရှိပြီးဖြစ်သော်လည်း တချို့ယာဉ်များမှာ မှတ်ပုံတင်ထားရှိခြင်းမရှိဘဲ အများပြည်သူဆိုင်ရာလမ်းများ၊ နေရာများ၌ မောင်းနှင်ခြင်းကြောင့် ယခုအခါ မှတ်ပုံတင်ထားခြင်းမရှိသည့်ယာဉ်များ ပြည်သူပိုင်လမ်း၌ မောင်းနှင်ပါက ထိရောက်စွာ အရေးယူသွားမည့်အပြင် ဒဏ်ငွေ ငါးသောင်းကျပ် ကိုလည်း ပေးဆောင်ရမည်ဖြစ်ပြီး ယာဉ်ကိုလည်း ခေတ္တသိမ်းဆည်း အရေးယူမည်ဖြစ်ကြောင်း က.ည.န မှသတင်းထုတ်ပြန်သည်။

Ref: Auto World

Author