သယ်ယူပို့ဆောင်ရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းအပြောင်းအလဲများ

0

Full article

• မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လိုင်စင်မဲ့ without ကားများကို ဖမ်းဆီးရရှိမှုမှာ ၂ဝ၁၇ ဒီဇင်ဘာလတွင် လိုင်စင်မဲ့ကား ၁၆ စီးသာဖမ်းဆီးရရှိခဲ့ပြီး ထိုအထဲမှ ရန်ကုန်တိုင်းတွင် ၆ စီးသာ ဖမ်းဆီးရခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးချူပ်က သိရပါတယ်။

တရားမဝင် လိုင်စင်မဲ့ယာဉ်များကို ဒီဇင်ဘာလတွင် ဖမ်းဆီးရမိမှုများတွင် ရန်ကုန်တိုင်းဒေသကြီးတွင်း လိုင်စင်မဲ့ကား ၆ စီး၊ မွန်ပြည်နယ်တွင်လိုင်စင်မဲ့ကား ၈ စီးနဲ့ တနင်္သာရီတိုင်းတွင် လိုင်စင်မဲ့ကား ၂ စီး စုစုပေါင်း လိုင်စင်မဲ့ကား ၁၆ စီးဖမ်းဆီးရရှိခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရရှိမှု မရှိဘူးလို့သိရပါတယ်။

• Yoma Strategic Holdings၊ First Myanmar Investment (FMI) နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ဦးစီး ကျင်းပသည့် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင် ပွဲကြီးကို ရန်ကုန်မြို့တွင် ၂ဝ၁၈၊ ဇန်နဝါရီလ ၂၁ တွင် နံနက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ရာ လမ်းမကြီး နဲ့ လမ်းသွယ်အချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်မည်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲကို ဘေးအန္တရာယ် ကင်းရှင်းစွာ ကျင်းပနိုင်ရေး အတွက် ဝေဇယန္တာလမ်းနဲ့ လေးထောင့်ကန်လမ်းဆုံ မှ သံသုမာလမ်းဆုံ အထိ၊ ရာဇဓိရာဇ်လမ်း မှ ကမ်းနားလမ်းဟောင်း အထိ၊ ကမ်းနားလမ်းဟောင်းမှ ကြည့်မြင့်တိုင် ကမ်းနားလမ်း အထိ၊ ရွှေတိဂုံဘုရားလမ်း မှ ဦးထောင်ဘိုလမ်း အထိ၊ ဗညားဒလလမ်း မှ ကျိုက္ကဆံလမ်းအထိ၊ စက်ရုံလမ်း မှ ဗညားဒလ လမ်း အထိ ၊ဗဟိုလမ်း မှ ဆေးဝါးလမ်း အထိ၊ အောင် သိဒ္ဓိလမ်းမှ မင်းဓမ္မလမ်း အထိ နဲ့သစ္စာလမ်း (ကန်ဘဲ့) မှ မိုးကောင်း လမ်း အထိ လမ်းအပြည့် (သို့မဟုတ်) လမ်းတစ်ဝက်ပိတ်ထားမယ်လို့ သိရပါတယ်။

• ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် တည်ဆောက်မယ့် မြေအောက်လူကူးလမ်း (underpass) စီမံကိန်း ၃ ခုကို တင်ဒါခေါ်ယူမှု ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး တင်ဒါခေါ်ယူရေးအဖွဲ့က သိရပါတယ်။ ရန်ကုန်တွင်တည်ဆောက်မယ့် မြေအောက်လူကူးလမ်းတင်ဒါများကို ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်အတွင်း တင်ဒါခေါ်ယူမှု စတင်ခဲ့ရာ ပုံစံငယ်အကြမ်းများ ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်း တင်ဒါခေါ်ယူမှုများကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

• အိုဟောင်းတက္ကစီကား အပ်နှံ၍ အစားထိုး တင်သွင်းထားသော ရန်ကုန်တက္ကစီများကို ကြိုတင်စာရင်းပေးသွင်းစေကာ တိုကင်ပေးပြီး စီးတီးတက္ကစီမှတ်ပုံတင်လုပ်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကသိရပါတယ်။ city taxi မှတ်ပုံတင်ပြုလုပ်ခြင်းကို ဒီဇင်ဘာလ ၃၁ ရက်အထိသာ ကြိုတင်စာရင်းပေး တိုကင်ယူရန် သတ်မှတ်ထားသော်လည်း ဒီဇင်ဘာလတွင် မှတ်ပုံတင်မလုပ်ရသေးဘဲ ကားဟောင်း တက္ကစီ အပ်နှံပြီး အစားထိုး ရန်ကုန်တက္ကစီ တင်သွင်းလာသော ကားများကိုလည်း မှတ်ပုံတင်လုပ်ရန် တိုကင်ပေးသွားမယ်လို့ သိရပါတယ်။

• ရန်ကုန်မြို့တွင် အရှည် ၂ဝ ဒသမ ၅ ကီလိုမီတာကို စတင်တည်ဆောက်မယ့် Elevated Expressway (မိုးပျံလမ်း) စီမံကိန်းကို ပုဇွန်တောင်မြို့နယ်မှ အမှတ် ၃ လမ်းဆုံအထိ ဆောက်လုပ်သွားမည်ဖြစ် တယ်လို့ သိရပါတယ်။ ရန်ကုန် မိုးပျံလမ်းကို ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလတံ တားအနီးတွင် စတင်ဆောက်လုပ်၍ သင်္ယန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းအတိုင်းမြောက်ဥက္ကလာပ အဝိုင်းနဲ့ ခရေပင်လမ်းခွဲ အတိုင်း အမှတ် ၃ လမ်းစုံကို ဖောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

• YBS ငွေပေးချေမှု စနစ်ကို ၂ဝ၁၈ ခုနှစ်တွင် ဘဏ်များဖြင့် ချိတ်ဆက်ထားသော ကဒ်စနစ်ဖြင့် ပေးချေဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက YBS တစ်နှစ်ပြည့် ပြုလုပ်တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ YBS ကားများတွင် ယာဉ်းစီးခပေးဆောင်ရန် ကဒ်စနစ်အတွက် ဇန်နဝါရီ ၁ဝ တွင် တင်ဒါရွေးချယ်ခဲ့ရာ Excel KC Myanmar ကုမ္ပဏီ က လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး မတ်လတွင် စတင်တပ်ဆင်အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

• ၂ဝ၁၈ခုနှစ်တွင် ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း တည်ဆောက်ရန် တင်ပြထားတဲ့ အထပ်မြင့် အဆောက်အအုံတွေကို ဆောက်လုပ်ရာတွင် အကျယ်အဝန်း မျက်နှာစာ ၂၅ ပေ နဲ့အထက်ရှိပါက ကားရပ်နားရန် နေရာပါရှိမှသာ ဆောက်လုပ်ခွင့်ပါမစ်ချပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနက သိရပါတယ်။ ယခုလက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက် ထားတဲ့ အထပ်မြင့်အဆောက်အအုံအချို့မှာ မျက်နှာစာ ၂၅ ပေ ကျော် မြေအကျယ်အဝန်းရှိသော်လည်း ယာဉ်ရပ်နားရန် သီးသန့် ကားပါကင်နေရာမရှိသည့်အတွက် ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ်ပေါ်လျက်ရှိ သောကြောင့် ယခုကဲ့သို့ ကားပါကင်သီးသန့်နေရာထားရှိရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံက သိရပါတယ်။

• ရန်ကုန် သယ်ယူပို့ဆောင်ရေး YBS စနစ် အကောင်အထည်ဖော်တဲ့ တစ်နှစ်တာကာလအတွင်း ၇ဝ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ယခုထက်ပိုမိုအောင်မြင်အောင် လုပ်ဆောင်မယ်လို့ ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS တစ်နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားဖွင့်လှစ်ပွဲတွင် လမ်းပန်းဝန်ကြီး ဒေါ်နီလာကျော်က ကတိပြု ပြောကြားသွားခဲ့ ပါတယ်။

• ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက် ဝါးတန်းမီးရထားကုန်ရုံဘူတာတွင် ဇန်နဝါရီလ ၁၆ ၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ရပ်ထားသော ကွန်တိန်နာယာဉ်တစ်စီး ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ကွန်တိန်နာယာဉ် မီးလောင်မှုဖြစ်ပွားအောင် မဆင်မခြင်ပေါ့ဆစွာ အသုံးပြုသူ အသက် ၄၉ နှစ်အရွယ်ယာဉ်မောင်း စိုင်းလှမောင်ကို ဆိပ်ကမ်းမြို့မရဲစခန်းက(ပ)၁၉/၂ဝ၁၈၊ ရာဇသက်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

• ရန်ကုန်တိုင်းဒေသကြီးတွင် ပြစ်မှုကျူးလွန်ထားသောကားများနဲ့ တရားမဝင် လိုင်စင်မဲ့ without ကားများ ကို control centre က တဆင့် စောင့်ကြည့် ဖမ်းဆီးနိုင်ရန် လုပ်ဆောင်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သော(၁၆.၁.၂ဝ၁၈) ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု YBS တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားသွားခဲ့ပါတယ်။ Traffic Control Center မှ မျဉ်းဝါဖြတ်ခြင်း၊ ရပ်မျဉ်းတွင်မရပ်ခြင်း၊ မီးနီဖြတ်ခြင်းနဲ့ ပြိုင်မောင်းခြင်း စတဲ့ စည်းကမ်း လိုက်နာမှုမရှိတဲ့ မော်တော်ယာဉ်တွေကို နည်းပညာမြင့်သော view camera များဖြင့် ကြည့်ရှုကာ ၄င်းတို့ရဲ့ ဆောင်ရွက်မှုများကို မှတ်တမ်းတင်ထားပြီး အရေးယူမှုများပြုလုပ်သွားမယ်လို့ သိရပါတယ်။

• ရန်ကုန်မြို့ ခရီးသည်သယ်ယူပို့ဆောင်ရေး YBS ယာဉ်လိုင်းတွင် ပြေးဆွဲမယ့် Max Myanmar ကုမ္ပဏီက လူထုမိတ်ဆွေ အမည်ဖြင့် တင်ပြထားရှိရာ ယာဉ်လိုင်း ၂ လိုင်းတွင် ကားအစီး ၁ဝဝ ကို ယခုလအတွင်း ပြေးဆွဲခွင့်ပြုလိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လူထုမိတ်ဆွေ နာမည်ဖြင့် ပြေးဆွဲရန် ခွင့်ပြုလိုက်သော ယာဉ်လိုင်း ၂ လိုင်းမှာ ရွှေပြည်သာ၊လှော်ကား၊ ဒညင်းကုန်း၊ လမ်းဆုံနဲ့ မင်္ဂလာဒုံ ဘက်သို့ အခြေစိုက်ပြေးဆွဲပေးသွားမည်ဖြစ်ရာ ထပ်မံပြေးဆွဲရန် အာဏာပိုင် အဖွဲ့ဆီသို့ တင်ပြထားသော ယာဉ်လိုင်းများ ကျန်ရှိနေသေးကြောင်းသိရပါတယ်။

• YBS စနစ်စတင်မှု တစ်နှစ်ပြည့်တွင် ယာဉ်လိုင်းတွင်ပြေးဆွဲနေသည့် ကားအစီးရေကို အတိအကျထုတ်ပြန်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံကနေ သိရပါတယ်။ ခရီးသည်တင် YBS ယာဉ်လိုင်းအစီးရေသိရှိနိုင်ရန်အတွက် မကြာခဏစာရင်းများ ကောက်ယူနေသော်လည်း ၁၉၉၅ မိုဒယ်ကနေ ၁၉၉၈ မိုဒယ်အထိ ကားများကို အပ်နှံခွင့်ပေးထားပြီး နောက်ပိုင်း ကားဟောင်းအပ်နှံသူတွေနဲ့ ကားသစ်များဝင်ရောက် ပြေးဆွဲမှုများရှိသည့်အပြင် ကားအစီးရေ စာရင်းအတိအကျကိုတော့ မရရှိသေးတာဖြစ်ပါတယ်။

• မြန်မာတစ်နိုင်ငံလုံးတွင်း ၂ဝ၁၇ အတွင်း ယာဉ်မတော်တဆမှု ၁၈,၁၇၁မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၅ ထောင်ကျော် ရှိခဲ့တယ်လို့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးချူပ်ကနေ သိရပါတယ်။ မြန်မာတစ်ပြည်လုံး ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှုများအနက် ပဲခူးတိုင်းဒေသကြီးမှာ အများဆုံး ဖြစ်ကာ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းနှင့် တတိယအများဆုံးမှာ မန္တလေးတိုင်းတွင် ဖြစ်ပွားခဲ့ကာ သေဆုံးခဲ့သူ ၅,၂၅ဝ ဦး၊ ဒဏ်ရာရသူ ၂၉,၁၄၄ ဦး နဲ့ ဆုံးရှူံးမှုတန်ဖိုးကျပ်ငွေ ၅,၄၅၄,၂၇၈,၂၉၅ ရှိခဲ့ကြောင်းနဲ့ အမှုဖြစ်ပွားခဲ့သည့် တရားခံ ၂ဝ,၂၉ဝ ဦးအား အမှုဖွင့် အရေးယူခဲ့ကြောင်းသိရပါတယ်။

• ရန်ကုန်တိုင်းတွင် မောင်းနှင်နေသော ၂ဝဝဝ မိုဒယ် အောက်ကားများနှင့် မိုဒယ်နိမ့်ကားများကို နယ်နှင်ရန် ဆွေးနွေးထားမှုမရှိဘဲ နယ်တက္ကစီများကိုသာ စိစစ်မှုပြုလုပ်သွားရန်ရှိနေပါတယ်။ ရန်ကုန်တိုင်းယာဉ်ကြောကြပ်တည်းမှုကို အဓိကထားလုပ်ဆောင်နေရာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို ထိရောက်စွာ အရေးယူသွားရန် လုပ်ဆောင်သွားမည်ဖြစ်ကာ ရန်ကုန်တွင် မောင်းနှင်နေသည့် တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင် ပြုလုပ်ပြီးပါက စိစစ်မှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကားဈေးကွက်အပြောင်းအလဲများ
• ပြည်ပက လုပ်ငန်းသုံး ယန္တရားယာဉ်များတင်သွင်းမှုကို ယခင်က CIF တန်ဖိုးမထုတ်ပြန်ဘဲ ၂ ပတ်တစ်ကြိမ် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်နေရာမှ အမှန်တစ်ကယ်ဝယ်ယူခဲ့သော ဈေးနှုန်းအထောက်အထား WTO valuation ဖြင့်သာ တန်ဖိုးဖြတ် အခွန်စည်းကြပ်သတ်မှတ်သွားမယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။ ပြည်ပက ယန္တရားတင်သွင်းမည့် လိုင်စင်အသစ်များကို ၂ဝ၁၈ ကစ၍ WTO valuation အတိုင်း အခွန်စည်းကြပ်သွားမည်ဖြစ်ရာ WTO valuation အချက် ၆ ချက်ဖြင့် ဈေးနှုန်း သတ်မှတ် ကောက်ခံသွားမှာဖြစ်ပါတယ်။

• မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေတဲ့ Suzuki ကားထုတ်လုပ်သည့် စက်ရုံမှ Suzuki Ciaz brand new ကားအမျိူးအစားကို ဝယ်ယူရန် ကြိုတင်မှာယူထားသော ကားအစီးရေ ၂ဝဝဝ ကျော် အထိရှိသွားပြီဖြစ်တယ်လို့ Suzuki ကားအရောင်းပြခန်း ရုံးချူပ်မှသိရပါတယ်။ (Suzuki) မော်တော်ယာဉ်များကို တစ်နှစ်မှ ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)နဲ့ ချိတ်ဆက်၍ စတင်ဝယ်ယူနိုင်မှာဖြစ်ရာ Suzuki Ciaz ကားတန်းဖိုးမှာ ကျပ်၂၄၆ သိန်း၇သောင်း သတ်မှတ်ထားရှိတယ်လို့ သိရပါတယ်။

Author