Full article

၂ဝ၁၅ ခုနှစ်အတွက်ရေးဆွဲထုတ်ပြန်မည့် မော်တော်ယာဉ်များ၏ _CIF_ တန်ဖိုးများ၊ အခြေခံမူများကို မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းရှင်များအသင်းမှ OSS (One Stop Service) အဖွဲ့သို့ အပြီးသတ်ရေးဆွဲအကြံပြုထားပြီးဖြစ်ကြောင်းသိရသည်။ အမှန်ကန်ဆုံးနှင့် အနီးစပ်ဆုံးဖြစ်သော CIF တန်ဖိုးများ ရေးဆွဲတင်ပြထားပြီး နှစ်မကုန်မီကြိုတင်ထုတ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

အဆိုပါအသစ်ရေးဆွဲထားသည့် CIF တန်ဖိုးများတွင် အကြမ်းဖျင်းအားဖြင့် လာမည့် ၂ဝ၁၅ ခုနှစ်တွင် စလစ်ကပ်တင်သွင်းရမည့်ကားများအတွက် ၂ဝဝ၃ မော်ဒယ်မှ ၂ဝ၁ဝ အထိ၊ Free Permit ဖြင့်သွင်းရမည့်ကား များအတွက် ၂ဝ၁၁ မှ ၂ဝ၁၅ မော်ဒယ်အထိ သတ်မှတ်ထားကြောင်း အဆိုပါအသင်း၏ ပြန်ကြားရေးတာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့သည်။

စလစ်ကပ်သွင်းရသည့်နောက်ဆုံးမော်ဒယ်အထိ ခွင့်ပြုချက်ဖြစ်သော ၂ဝ၁ဝ မော်ဒယ်နှင့် Free Permit ဖြင့်တင်သွင်းရမည့်အစဆုံးမော်ဒယ် ၂ဝ၁၁ မှာ မော်ဒယ်တစ်နှစ်သာကွာခြားသည့်အတွက် စလစ်ကပ်ကားတင် သွင်းမည့်သူများ မနစ်နာစေရန် အဆိုပါမော်ဒယ်နှစ်ခုအား CIF တန်ဖိုး အနည်းငယ်ကွာဟပေးထားကြောင်း အဆိုပါတာဝန်ရှိသူက ရှင်းပြခဲ့သည်။

၂ဝ၁၅ တွင်စလစ်ကပ်ကားနှင့် Free Permit ကားများအား အခွန်နှုန်းထားတူညီစွာကောက်ခံမည်ဖြစ် သဖြင့် စလစ်ကပ်ကား ၂ဝ၁ဝ ကိုတင်သွင်းမည်ဖြစ်ပါက Free Permit ၂ဝ၁၁ မော်ဒယ်နှင့် ဈေးနှုန်းများစွာမကွာ တော့ဘဲ စလစ်တန်ဖိုးအား အပိုသီးသန့်ဝယ်ယူရခြင်းမျိုး ဖြစ်လာနိုင်ကြောင်းသုံးသပ်ပြသည်။ ထို့အတွက် စလစ် ကပ်ကားတင်သွင်းသူများ မနစ်နာစေရန် အဆိုပါနှစ်ခုအား ဒေါ်လာ ၂ဝဝဝ ခန့်ကွာဟထားပြီး အသင်းမှ OSS အဖွဲ့သို့တင်ပြထားကာ ရှင်းလင်းထားကြောင်းသိရသည်။ OSS အဖွဲ့မှလည်း အသင်းမှတင်ပြထားချက်များကို လက်ခံကာမူများအား ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။

Ref : Auto World Journal မှ ထုတ်နှုတ်တင်ပြသည်။

Author